အိမ်ကြော်ကြာဆံကြော်နည်းလေး ပြောပြမယ်

အိမ်ကြော်ကြာဆံကြော်နည်းလေး ပြောပြမယ်

20 မိနစ်

4 ဦးစာ

အလယ်အလတ်

မွေးနေ့လုပ်ရင်ဖြစ်ဖြစ်၊ အလှုလုပ်ရင်ဖြစ်ဖြစ်၊ အိမ်မှာ နေရင်း မိသားစုစုံစုံညီညီနဲ့အရသာရှိရှိကြော်စားဖို့ စျေးအသက်သာဆုံးနဲ့ အာဟာရအရှိဆုံး အရာကို ညွှန်ပါဆိုတာနဲ့ ကြာဆံကြော်ပဲ ရွေးရမှာပါ။ ကြော်ရလွယ်တဲ့အပြင် အလုပ်လည်း မရှုပ်တဲ့ ကြာဆံကြော်ကောင်းကောင်းလေးတစ်အိုးကို တစ်မိသားစုလုံးစားဖို့ ဒီနည်းလေးအတိုင်း ကြော်ကြည့်ပါဦး။

ပါဝင်ပစ္စည်းများ

  • ဆန်ကြာဆံ ၅၀ ကျပ်သား
  • ကြက်သွန်ဖြူ ၄ မြွှာ (ထောင်းထားပါ)
  • ဂေါ်ဖီတစ်ခြမ်း (အနေတော်လှီးထားပါ)
  • မုန်လာဥနီ ၂ တောင့် (ခပ်ပါးပါးလှီးထားပါ)
  • တရုတ်နံနံ ၁၀ ပင် (လှီးထားပါ)
  • ကြက်သွန်မြိတ် လက်နှစ်ဆစ်ခန့် (လှီးထားပါ)
  • ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၅ ဇွန်း
  • ပဲငံပြာရည်အနောက် ထမင်းစားဇွန်း ၁ ဇွန်း
  • သကြား ထမင်းစားဇွန်း ၁ ဇွန်း
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
  • ကြက်ဥ ၃ လုံး
  • ဆီ ၁၀ ကျပ်သား
  • ရေ ထမင်းစားဇွန်း ၁၀ ဇွန်း

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ပထမဆုံးဆန်ကြာဆံကို မိနစ် ၃၀ ခန့် ရေစိမ်ပြီး ကတ်ကြေးနဲ့ ကြော်ရလွယ်အောင် ပိုင်းဖြတ်ထားပါမယ်။

  2. အိုးထဲ ဆီပူအောင်တည်ကာ ဆီပူလာရင် ကြက်ဥ ၃ လုံးခလောက်ထားတာ ထည့်မွှေကြော်ပြီး ပန်းကန်တစ်ခုထဲ ထည့်ထားပါ။

  3. ကျန်တဲ့ ဆီထဲ ကြက်သွန်ဖြူထောင်းထားတာထည့် ဆီသတ်ပြီး ဂေါ်ဖီ၊ မုန်လာဥနီ၊ တရုတ်နံနံနဲ့ ကြက်သွန်မြိတ်တို့ကို ထည့်ကြော်ပါ။

  4. ၂ မိနစ်လောက်ကြာတာနဲ့ ကြာဇံနယ်ထားတာကို ထည့်ကြော်ပြီး ၄ မိနစ်လောက်မွှေပြီး အဆုံးမှ ကြက်ဥမွှေကြော် ထပ်ထည့်မွှေပါ။

  5. ဒီနည်းနဲ့သာ ကြော်မယ်ဆိုရင် အရသာရှိပြီး အိမ်မှာနေရင်း တစ်အိမ်သားလုံး သုံးဆောင်နိုင်မယ့် ကြာဇံကြော်ပူပူမွှေးမွှေးလေးရရှိမှာ ဖြစ်ပါတယ်။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent