
အားအင်ပြည့်၀ အရသာရှိတဲ့ ပဲကုလားချဥ်ရည်ဟင်းချက်နည်း
60 မိနစ်
4 ဦးစာ
အလယ်အလတ်
How to Cook ပရိသတ်ကြီးရေ။ မိသားစုအတွက် အာဟာရပြည့်၀ပြီး ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ကို မိတ်ဆက်ပေးချင်ပါတယ်။ မိသားစုကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး ပရိုတင်းနဲ့ သံဓာတ်တွေပါ၀င်တဲ့ ကုလားပဲနဲ့ ဗီတာမင်မျိုးစုံပါ၀င်တဲ့ ဟင်းသီးဟင်းရွက်တွေ ပါ၀င်တဲ့ သီးစုံပဲကုလားချဥ်ရည်ဟင်းလေးပါပဲ။ ချဥ်ရည်ဟင်းအရသာလေးက အအီပြေ ထမင်းစားမြိန်စေပါတယ်။ ခုလိုဆောင်းတွင်းမှာ နွေးလည်းနွေး၊ အာဟာရလည်း ပြည့်ဝတဲ့ အတိုင်းထက်အလွန် ဟင်းလျာလေးဖြစ်လာမှာမို့ သီးစုံပဲကုလားချဥ်ရည်ဟင်းလေးကို ခနောချဥ်ပြုံးပြုံး မန်ကျည်းဟင်းခတ်မှုန့်လေးနဲ့ အခုပဲ ချက်လိုက်ရအောင်။
ပါဝင်ပစ္စည်းများ
- 1/2 ကုလားပဲ ပေါင်းအိုးချင်ခွက် တစ်ဝက် ၊ ၁ နာရီခန့်ရေစိမ်ပြီး ဆား ဆီ အနည်းငယ်ထည့်ပြီးပြုတ်ထားပေးပါ
- 2 အာလူး အလုံးကြီး ၂ လုံး ၊ အခွံခွာပြီး ၁လုံး ၄ ခြမ်းခြမ်းထားပါ
- 1 မုန်လာဥနီ အလုံးသေး ၁ လုံး ၊ အနေတော်တုံးထားပါ
- 2 ရုံးပတီသီး ၂ တောင့် ၊ အနေတော်လှီးဖြတ်ထားပါ
- 1 ခရမ်းသီး ၁ လုံး ၊ ခြမ်းပြီး အနေတော်လှီးထားပါ
- 1 ကြက်သွန်နီ ၁ ဥ
- 4 ကြက်သွန်ဖြူ ၄ တက်
- 1/2 အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် အနည်းငယ်
- 1 ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- 2 ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ချဉ်ပြုံးပြုံးမန်ကျည်းအရသာမှုန့်
- 1 လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- မဆလာ အနည်းငယ်
- 2 ပျဥ်းတော်သိမ် ၂ ခက် ၊ အရွက်ခြွေထားပါ
- 1 ရေ ၁ လီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ကြက်သွန်နီ၊ ကြက်သွန်ဖြူ အခွံခွာ ရေသန့်စင်အောင် ရေဆေးပြီး ညက်နေအောင်ထောင်းပါ။
-
ဆီ၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ အခွံခွာရေဆေးသန့်စင်ပြီး ခြမ်းထားသော အာလူး၊ မုန်လာဥနီတို့နှင့်အတူ ပြုတ်ပြီးသား ပဲ၊ အရွက်ခြွေထားသော ပျဉ်းတော်သိမ်ရွက်တစ်ဝက် ထည့်ပြီးဟင်းချက်မည့်အိုးထဲမှာ ရောနယ်ပြီး မီးပျော့ပျော့နှင့် အာလူးများ အရောင်ကြည်လာသည်အထိမွှေပေးထားပါ။
-
ရေ ၁လီတာထည့်ပြီး ဆူလာအောင် စောင့်ပါ။ ထို့နောက် ခြမ်းပြီး အနေတော် လှီးထားသော ခရမ်းသီးများထည့်ပြီး ခဏမွှေပေးပါ။ ခရမ်းသီးထည့်ပြီး ခဏနေလျှင် ရုံးပတီသီးထည့်ပေးပါ။
-
အသီးအရွက်များနူးလျင် ဟင်းခတ်မှုန့် နှင့် ချဉ်ပြုံးပြုံးမန်ကျည်းအရသာမှုန့်တို့ထည့်ပြီး မဆလာနှင့်အရွက်ခြွေထားသောပျဉ်းတော်သိမ်ရွက်တို့ခတ်ပြီးလျှင် ချက်ပြုတ်ခြင်းအဆုံးသတ်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent
-
စားချင့်စဖွယ် အာဟာရစုံလင် ငရုတ်ပွသီးကြက်သားအစာသွပ်နဲ့ ခနောဆန်ပြုတ်
30 မိနစ်
2 ဦးစာ
အလယ်အလတ်
-
အာဟာရပြည့် ခနောဆန်ပြုတ်နဲ့ ကြက်တောင်ပံပေါင်းလေးချက်ကြည့်ရအောင်
60 မိနစ်
1 ဦးစာ
အလယ်အလတ်
-
ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ သီးနှံစုံ အသားလုံးဆန်ပြုတ်
13 မိနစ်
4 ဦးစာ
အလယ်အလတ်
-
အရသာရှိပြီး ဗီတာမင် B1 နှင့် ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ ကြက်ဥမဆလာဆန်ပြုတ်မွှေးမွှေးလေး
7 မိနစ်
4 ဦးစာ
အလယ်အလတ်