
အားလပ်ရက်မှာ ခေါက်ဆွဲသုပ်လုပ်စားကြမလား
5 မိနစ်
3 ဦးစာ
အလယ်အလတ်
မြန်မာခေါက်ဆွဲသုပ်ကတော့ မနက်ခင်းစားသောက်ဖွယ်ရာတွေထဲမှာ ပေါ်ပြူလာဖြစ်တဲ့အစားအသောက်တစ်ခုပါ။ မြန်မာလူမျိုးတွေအတွက်တော့ ခေါက်ဆွဲသုပ်ကောင်းကောင်းလေးစားပြီး လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီလေးသောက်လိုက်ရရင် တော်တော်လေးပြည့်စုံတဲ့မနက်စာဖြစ်သွားပါပြီ။ ပြုလုပ်ရတာလွယ်ကူလှတဲ့ ခေါက်ဆွဲသုပ်လေးကို ရုံးပိတ်ရက်တွေမှာကိုယ်တိုင်လုပ်စားနိုင်ဖို့ အလွယ်ကူဆုံးသုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
- ဂျုံခေါက်ဆွဲ (ပြုတ်ပြီး) ၂၅၀ ဂရမ်
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူ ၃ မြွှာ (မညက်တညက်ထောင်းထားပါ)
- ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
- ဆီ ထမင်းစားဇွန်း ၅ ဇွန်း
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပဲမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- ဂေါ်ဖီထုပ် တစ်ဝက် (ခြစ်ဖြင့်ပါးပါးမျှင်မျှင်ခြစ်ထားပြီး)
- သခွားသီးအသေး ၁ လုံး (ပါးပါးလှီးထားပါ)
- ပဲပြားကြော် ၁ ခု (သေးသေးလှီးထားပါ)
- ငရုတ်သီးလှော်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း အစပ်ကြိုက်မှထည့်ပါ)
အချဉ်ရည်အနီပြုလုပ်ရန်
- ခနောမန်ကျည်းအရသာမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (ရေနွေးစားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ဖျော်ထားပါ) (ချဉ်ပြုံးပြုံးမန်ကျည်းအရသာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းသည် မန်ကျည်းမှည့် ၂ ကျပ်ခွဲသားခန့်နှင့်ညီမျှပါသည်)
- ထန်းလျက် ၁ လုံး (ထောင်းထားပါ)
- ငရုတ်အနှစ်အချဉ်ရည် ထမင်းစားဇွန်း ၁ ဇွန်း (အချဉ်ရည်အတွက်ပါဝင်ပစ္စည်းအားလုံးကိုရောမွှေထားပါ။)
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဆုံးဆီချက် ချက်ပါမယ်။ အိုးထဲကို ဆီထည့်ပြီး ဆီကောင်းကောင်းဆူလာရင် နနွင်းမှုန့်ထည့်ပေးပါ။ ကြက်သွန်ဖြူ၊ကြက်သွန်နီထည့်ပေးပါ။
-
ကြက်သွန်တွေ ရွှေညိုရောင်ပြောင်းပြီး ကြွပ်ရွလာပြီဆိုရင် မီးပိတ်ပြီးကြက်သွန်ဖတ်လေးတွေကိုဆယ်ပေးထားပါ။
-
ဇလုံထဲကို ခေါက်ဆွဲ၊ ဂေါ်ဖီ၊ သခွားသီး၊ ပဲပြား၊ ကြက်သားမှုန့်၊ ငံပြာရည် ၊ ပဲမှုန့် ၊ ငရုတ်သီးမှုန့်၊ အချဉ်ရည်တို့ထည့်ပါ။
-
ပြီးရင် ဆီချက်ထည့်ကာသမအောင်နယ်ပေးပါ။ ပန်းကန်ထဲခွဲထည့်ပြီး ကြက်သွန်ကြော်လေးများဖြူးကာ သုံးဆောင်နိုင်ပါပြီ။
-
အိမ်မှာတင်သန့်သန့်ရှင်းရှင်းနဲ့အရသာရှိရှိသုပ်စားနိုင်တဲ့ မြန်မာစတိုင်လ်ခေါက်ဆွဲသုပ်လေးကို ပိတ်ရက်ကျရင် သုပ်စားကြည့်ပါဦးနော်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent