
အားရှိစေမယ့် ဟင်းတစ်ခွက် ဆိတ်နံရိုးနှင့်ပဲဟင်း
50 မိနစ်
3 ဦးစာ
အလယ်အလတ်
ဒီတစ်ခါမှာတော့ ဆိတ်နံရိုးကို ပဲနဲ့ရောနှောပြီး လျှာလည်သွားစေမယ့် ဟင်းတစ်မယ်ကိုဖော်ပြပေးချင်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ဆိတ်နံရိုးပဲဟင်းလေးကို ဘယ်လိုချက်ကြမလည်း ကြည့်လိုက်ရအောင်
ပါဝင်ပစ္စည်းများ
- ဆိတ်နံရိုး ၅၀ ကျပ်သား
- ကုလားပဲခြမ်း ၁၀ ကျပ်သား
- အာလူး ၂၅ ကျပ်သား
- ကြက်သွန်နီ ၂ လုံး
- ကြက်သွန်ဖြူ ၁၀ မွှာ
- ချင်း ၅ ကျပ်သား
- စပါးလင် ၂ ပင်
- ငရုပ်ခြောက် ၃ တောင့်
- ဆား လက်ဖက်စားဇွန်း ၁ ဝက်
- ငရုပ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၃ ဇွန်း
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
- ဇီယာမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
- ဒိန်ချဉ် ထမင်းစားဇွန်း ၁ ဇွန်း
- ပဲဆီသန့် ၅ ကျပ်သား
- ကရဝေးရွက် ၃ ရွက်
- သစ်ဂျပိုးခေါက် ၁ ချောင်း
- လေးညှင်းပွင့် ၃ ပွင့်
- ဖာလာစေ့ ၃ စေ့
- နာနတ်ပွင့် ၃ ပွင့်
- ပဲနံသာစေ့ လက်ဖက်စားဇွန်း ၁ ဇွန်း
- မုန်ညှင်းစေ့ လက်ဖက်စားဇွန်း ၁ ဇွန်း
- မန်းကျည်းမှည့်အနှစ် လက်ဖက်စားဇွန်း ၃ ဇွန်း
- ပျဉ်တော်သိမ်းရွက် ၃၀ ရွက်
- ရှမ်းငရုတ်နီ ၁ တောင့်
- ရေသန့် ၅ လီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ဆိတ်နံရိုးကို ခနောကြက်သားမှုန့်း၊ နနွင်းမှုန့် ၊ ဇီယာမှုန့်၊ ဒိန်ချဉ်တို့ဖြင့် အရသာသွင်းထားပြီး မိနစ် ၂၀ ခန့်နှပ်ထားပါ။
-
ကုလားပဲခြမ်းကို နနွင်းမှုန့်၊ ချင်း ၊ ကြက်သွန်ဖြူ ၊ ခနော ကြက်သားမှုန့်၊ ပဲနံ့သာ ၊ မုန်ညှင်းစေ့ ၊ ရေသန့် (၁) လီတာတို့နှင့် နူးအောင်ပြုတ်ထားပါ။
-
အသင့်အရသာသွင်းထားသော ဆိတ်နံရိုး ကို စပါးလင် ၊ ချင်း ၊ လေးညှင်းပွင့် ၊ ဖာလာစေ့ ၊ နာနတ်ပွင့်တို့နဲ့ ရေသန့် ၄ လီတာခန့်ထည့်ပြီး နူးအောင်ပြုတ်ထားပါ။
-
ငရုပ်ခြောက် ၊ ချင်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီတို့ကို ကျေညက်အောင်ထောင်းပြီး ဟင်းအနှစ်လုပ်ထားပါ။
-
ဒယ်အိုးတစ်လုံးတွင် ပဲဆီသန့်ကိုအပူပေးပြီး နနွင်းမှုန့်၊ လေးညှင်းပွင့်၊ ဖာလာစေ့ ၊ နာနတ်ပွင့် ၊ ကရဝေးရွက် ၊ သစ်ဂျပိုးခေါက်၊ စပါးလင် ၊ ပျဉ်းတော်သိမ်းရွက်တို့ကိုဆီသတ်ပါ။
-
ဟင်းခတ်အမွှေးအကြိုင်များ ဆီသတ်ပြီးတာနဲ့ အသင့်ထောင်းထားသော ငရုပ်သီးအနှစ်၊ ဒိန်ချဉ် အနည်းငယ်ကိုထည့်ချက်ပေးပါ။
-
ဆိတ်နံရိုးနူးရင် အာလူး၊ အသင့်ပြုတ်ထားသော ကုလားပဲနဲ့ အသင့်ချက်ထားသော ငရုပ်သီးအနှစ်တို့ကိုပါ ထည့်ချက်ပေးပါ။
-
ဆိတ်နံရိုး ၊ အာလူးနဲ့ ကုလားပဲများနူးရင် မန်းကျည်းမှည့်အနှစ် အနည်းငယ်၊ ဆား၊ ငရုပ်ကောင်းမှုန့်၊ ခနော ကြက်သားမှုန့်၊ ဇီယာမှုန့်တို့နဲ့ အရသာထိန်းညှိပြီးတည်ခင်းနိုင်ပါတယ်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent