
အာဟာရပြည့် ရွှေဖရုံသီး သီးနှံစုံ ဆန်ပြုတ်
15 မိနစ်
1 ဦးစာ
လွယ်သော
ဒီတစ်ခေါက်တော့ ဗီတာမင် C၊ ဗီတာမင် A စတဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ ပါဝင်ပြီး မိသားစု ကျန်းမာရေးကို အထောက်အကူပေးနိုင်တဲ့ ရွှေဖရုံသီးသီးနှံစုံဆန်ပြုတ်လုပ်နည်းလေးကို ပြောပြပေးချင်ပါတယ်။ ရွှေဖရုံသီးအနှစ်နဲ့ ပြုတ်ထားတဲ့ ဆန်ပြုတ်ကိုမှ အေးအေးလေး ထားပြီး စားရတာမို့ နွေရာသီနဲ့လည်း လိုက်ဖက်တဲ့ ရွှေဖရုံသီး သီးနှံစုံဆန်ပြုတ်လေးကို ခနောဆန်ပြုတ်ထုပ်လေးနဲ့ ဘယ်လို ချက်တယ်ဆိုတာ ကြည့်လိုက်ကြစို့နော်။
ပါဝင်ပစ္စည်းများ
- ခနောဆန်ပြုတ် ၁ ထုပ်
- ရေ ၂၅၀ မီလီလီတာ
- ရွှေဖရုံသီး ၁၅၀ ဂရမ်
- စတော်ဘယ်ရီသီး ၁ လုံး
- ပန်းသီးအနီ ၁ လုံး
- ပဲစိမ်းကြော် အနည်းငယ်
- သီဟိုဠ်စေ့ အနည်းငယ်
- ငှက်ပျောသီး ၁ လုံး
ချက်ပြုတ်ပြင်ဆင်ပုံ
-
ရွှေဖရုံသီး ၁၅၀ ဂရမ်ကို နူးအောင် ပြုတ်ပြီး အနှစ်ရအောင် ကြိတ်ထားပါ။
-
အိုးထဲမှာ ခနောဆန်ပြုတ်မှုန့်ကို ထည့်ပြီး ရေ ၂၅၀ မီလီလီတာထည့်ကာ ပွက်လာတဲ့အထိ တည်ပါ။
-
ပွက်လာရင် ရွှေဖရုံသီးအနှစ်ကို ထည့်ပြီး သေချာမွှေပေးပါ။
-
ရွှေဖရုံသီးအနှစ်များ သမသွားပြီဆိုရင်တော့ အိုးပေါ်မှ ချကာ မိနစ် ၃၀ လောက် အအေးခံပေးပါ။
-
ဆန်ပြုတ်အေးသွားပြီဆိုရင် စတော်ဘယ်ရီသီး၊ ပန်းသီး၊ပဲစိမ်းကြော်၊ သီဟိုဠ်စေ့နဲ့ ငှက်ပျောသီးတို့ကို နှစ်သက်သလို လှီးထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent
-
အရသာရှိပြီး ဗီတာမင် B1 နှင့် ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ ကြက်ဥမဆလာဆန်ပြုတ်မွှေးမွှေးလေး
20 မိနစ်
4 ဦးစာ
အလယ်အလတ်
-
ကိုယ်ခံအားပြည့် သံဓာတ်ဖြည့် ကြက်ဥဟင်းနုနွယ်ကြော်တစ်ခွက်
15 မိနစ်
4 ဦးစာ
အလယ်အလတ်
-
ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ သီးနှံစုံ အသားလုံးဆန်ပြုတ်
20 မိနစ်
4 ဦးစာ
အလယ်အလတ်
-
အာဟာရပြည့် ကန်စွန်းဥဆန်ပြုတ်ချိုလေး
15 မိနစ်
1 ဦးစာ
လွယ်သော