အာဟာရပြည့် ခနောဆန်ပြုတ်နဲ့ ကြက်တောင်ပံပေါင်းလေးချက်ကြည့်ရအောင်

အာဟာရပြည့် ခနောဆန်ပြုတ်နဲ့ ကြက်တောင်ပံပေါင်းလေးချက်ကြည့်ရအောင်

60 မိနစ်

1 ဦးစာ

အလယ်အလတ်

လတ်တလောကာလအတွင်း အိမ်မှာပဲ နေနေရတဲ့ How to Cook ပရိသတ်တွေအတွက် အရသာလည်းရှိသလို ချက်ပြုတ်ရလည်း လွယ်ကူတဲ့ ခနောဆန်ပြုတ်နဲ့ ကြက်တောင်ပံပေါင်းချက်နည်းလေး ပြောပြပေးချင်ပါတယ်။ ကြက်တောင်ပံပေါင်းမှာဆိုရင် ပရိုတိန်း၊ ဆယ်လီနီယမ်၊ ဗီတာမင် ဘီ ၃ နဲ့ ဇင့်ဓာတ်တို့ပါဝင်သလို ဟင်းလျာထဲမှာ ပါဝင်တဲ့ ချင်းဆိုရင်လည်း မဂ္ဂနီစီယမ်ဓာတ်ကြွယ်ဝပြီး ကြက်သွန်ဖြူမှာ အရိုးနဲ့သွားတွေကို ခိုင်ခံ့စေတဲ့ ကယ်လ်ဆီယမ်ဓာတ်ပါဝင်ပါသေးတယ်။ ဒါကြောင့် အခုလို အချိန်မှာ ကြွက်သားနဲ့ အရိုးတွေကို ခိုင်ခံ့စေတဲ့ ပရိုတိန်းနဲ့ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ ခနောဆန်ပြုတ်နဲ့ ကြက်တောင်ပံပေါင်းလေးကို ချက်ကြည့်လိုက်ရအောင်။ *ဤဆောင်းပါးပါ အာဟာရဆိုင်ရာ အချက်အလက်များသည် ဒေါက်တာဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု)၏ အကြံပြုချက်အရ ရေးသားဖော်ပြထားပါသည်။*

ပါဝင်ပစ္စည်းများ

  • 3 ကြက်တောင်ပံ ၃ ခု (အလယ်က ပိုင်းပြီး အရေခွံခွာထားပါ)
  • 1 ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • 1/2 ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • 1 ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • 1 ချင်း ၁ လက်မ (ခပ်ကြီးကြီးလှီးထားပါ)
  • 3 ကြက်သွန်ဖြူ ၃ လုံး (၂ လုံးကို အခွံခွာပြီး အလုံးလိုက်ထည့်ပါမယ်၊ ၁ လုံးကို လှီးပြီး အကြွပ်လေးကြော်ထားပါမယ်)
  • 350 ရေ ၃၅၀ မီလီလီတာ
  • 250 ရေ ၂၅၀ မီလီလီတာ
  • ကြက်သွန်မြိတ် (ပါးပါးလှီးထားပါ)
  • 1 ခနောဆန်ပြုတ် ၁ ထုပ်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ကြက်သားကို ပဲငံပြာရည်၊ ခနောကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့နဲ့ နယ်ပြီး မိနစ် ၃၀ ခန့် နှပ်ထားပါ။

  2. အိုးထဲကို ရေ ၃၅၀ မီလီမီတာထည့်ပါ။

  3. ကြက်တောင်ပံ၊ ချင်းအပြားနဲ့ ကြက်သွန်ဖြူဥ ၂ လုံးကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ပြီး အဲဒီ ပန်းကန်လုံးကို ရေထည့်ထားတဲ့ အိုးထဲ ထည့်ပါ။ အဖုံးအုပ်ပြီး မီးအေးအေးနဲ့ မိနစ် ၅၀ လောက် ပေါင်းပေးပါ။

  4. လှီးထားတဲ့ ကြက်သွန်ဖြူကို ကြော်ထားပါ။

  5. အိုးအသစ်တစ်လုံးထဲမှာ ခနောဆန်ပြုတ်ထုပ်ကို ထည့်ပြီး ရေ ၂၅၀ မီလီလီတာထည့်ပါ။ ပွက်ပွက်ဆူလာတဲ့အခါ မီးလျှော့ပြီး ၃ မိနစ်ကနေ ၅ မိနစ်လောက်ထိ မွှေပေးပါ။

  6. ဆန်ပြုတ်ရပြီဆိုရင် ခုန ပေါင်းထားတဲ့ ကြက်တောင်ပံပေါင်းလေးတွေကိုထည့်၊ ကြက်သွန်ကြော်နဲ့ ကြက်သွန်မြိတ်လေးဖြူးပြီး ပူပူလေး သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent