
အာဟာရပြည့် ကန်စွန်းဥဆန်ပြုတ်ချိုလေး
15 မိနစ်
1 ဦးစာ
လွယ်သော
ကန်စွန်းဥရဲ့ သဘာဝအရသာလေးရယ်၊ နို့အရသာ စိမ့်စိမ့်လေးရယ် ပေါင်းစပ်ထားတဲ့ ကန်စွန်းဥဆန်ပြုတ်ချိုလုပ်နည်းလေးကို မျှဝေပေးပါရစေနော်။ ကန်စွန်းဥမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ မိသားစု ကျန်းမာရေးအတွက် သင့်တော်တာမို့ ကန်စွန်းဥဆန်ပြုတ်လေးကို ခနောဆန်ပြုတ်ထုပ်လေးနဲ့ ဘယ်လို လုပ်စားလို့ရတယ်ဆိုတာ ကြည့်လိုက်ကြပါဦး။
ပါဝင်ပစ္စည်းများ
- ခနောဆန်ပြုတ် ၁ ထုပ်
- နွားနို့ ၃၀၀ မီလီလီတာ
- ကန်စွန်းဥပြုတ်ပြီးသား ၅၀ ဂရမ်
- ငှက်ပျောသီး ၁ လုံး
- သီဟိုဠ်စေ့လှော် ထမင်းစားဇွန်း ၁ ဇွန်း ၊ ချေထားပါ
- ထောပတ်သီး ၁ လုံး
- သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပြုတ်ထားတဲ့ ကန်စွန်းဥကို အနှစ်ရအောင် ချေထားပါ။ ခနောဆန်ပြုတ်နဲ့ နွားနို့ကို အိုးထဲ ထည့်ပြီး ပွက်ပွက်ဆူကာ ပျစ်လာတဲ့အထိ တည်ပါ။ သကြားထည့်ပြီး ပျော်ဝင်သွားအောင် သေသေချာချာ မွှေပေးပါ။
-
သကြားတွေ ပျော်ဝင်သွားပြီဆိုရင်တော့ အိုးပေါ်မှ ချပြီး ပန်းကန်လုံးထဲ ထည့်ကာ မိနစ် ၃၀ ခန့် အအေးခံထားပါ။
-
ဆန်ပြုတ်အေးသွားပြီဆိုရင် ငှက်ပျောသီး၊ ထောပတ်သီးနဲ့ သီဟိုဠ်စေ့လှော်လေး ဖြူးကာ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent