
အာဟာရပြည့်ဝပြီး အရသာရှိတဲ့ ဘူးသီးနုနုနဲ့ ကြက်ကာလသားချက်ဟင်း
30 မိနစ်
3 ဦးစာ
အလယ်အလတ်
ခေတ်အဆက်ဆက် နာမည်ကျော်ကြားတဲ့ ဘူးသီးနဲ့ ကြက်ကာလသားချက် ဟင်းချက်နည်းလေး ပြောပြပေးချင်ပါတယ်။ ချက်ရတာလည်း လွယ်ကူပြီး အရသာလဲရှိတဲ့အတွက်ကြောင့် အိမ်မှာ ချက်တာပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ အပျော်ချက်စားတာပဲ ဖြစ်ဖြစ် ချက်စားကြည့်သင့်တဲ့ ဟင်းလေး ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သား ၃၀ ကျပ်သား
- ဘူးသီးနုနု ၁ လုံး
- ခနော်ကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်းခွဲ
- နံနံပင် ၃ ပင်
- ကြက်ပြုတ်ရည် ၁ ခွက်ခွဲ
- သစ်ကြပိုးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း ၁ ဝက်
- ဆီ ထမင်းစားဇွန်း ၁ ဇွန်းခွဲ
- ကြက်သွန်ဖြူ ၃ မွှာ
- ကြက်သွန်နီ ၃ လုံး
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဝက်
- ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
- ငံပြာရည် ထမင်းစားဇွန်း ၁ ဝက်
- ချင်း လက် ၁ ဆစ်
ချက်ပြုတ်ပြင်ဆင်ပုံ
-
ဖန်ဇလုံးကြီးထဲ ကြက်သားတုံးများကို ခနော်ကြက်သားမှုန့် ၁ ဇွန်း၊ ဆား၊ သစ်ကြပိုးမှုန့် တို့နဲ့ ၁၅ မိနစ်လောက် နယ်နှပ်ထားပါ။
-
အိုးကြီးတစ်ခုထဲကို ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာရင်တော့ ဟင်းအနှစ်လုပ်ရန် ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး ဆီသတ်ပါ။
-
ကြက်သွန်နွမ်းလာရင် ကြက်သားတုံးများထည့်ပြီး ၅မိနစ်မှ ၈မိနစ်လောက် တည်ပါ။ နှံ့အောင်မွှေပေးပါ။ ကြက်ပြုတ်ရည်ထည့်ပြီး ဆူအောင်တည်ပါ။ အသားနူးအောင်တည်ပါ။ အသားနုးခံနီးမှာ ဘူးသီးစိတ်များထည့်ပါ။
-
မီးအနေတော်နဲ့ တည်ပေးပါ။ ထို့နောက် ဘူးသီးတုံးများ ပုံမပျက်အောင် တည်ပေးပါ။ ရေလိုရင် အနည်းငယ် ထည့်ပေးပါ။ ဆား၊ ခနောကြက်သားမှုန့်တို့နဲ့ အရသာ ထိန်းညှိပါ။ ကြက်သားဟင်းကို မီးဖိုပေါ်က ချခါနီးမှ နံနံပင်အုပ်ပါ။
-
ကျက်သွားပြီဆိုရင်တော့ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပြီး အရသာရှိတဲ့ ဘူးသီး ကြက်ကာလသားဟင်းလေးကို ထမင်းပူပူလေးနဲ့ အရသာရှိရှိ စားလို့ရပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent