အာဟာရနဲ့ပြည့်စုံတဲ့ လူတိုင်းအသည်းစွဲ ကုလားပဲဟင်းရည်

အာဟာရနဲ့ပြည့်စုံတဲ့ လူတိုင်းအသည်းစွဲ ကုလားပဲဟင်းရည်

40 မိနစ်

3 ဦးစာ

အလယ်အလတ်

အရည်သောက်ဟင်းချက်ဖို့ ခေါင်းစားနေသူများအတွက် လူတိုင်းကြိုက်တဲ့ ကုလားပဲဟင်းရည် ချက်နည်းလေး တင်ပေးလိုက်ပါတယ်။ ကုလားပဲဟင်းရည်ကို ကြက်ခြေထောက်လေးနဲ့ ချက်ထားတဲ့အတွက် ချိုချိုလေးနဲ့ စားလို့ကောင်းနေမှာနော်။

ပါဝင်ပစ္စည်းများ

  • ကုလားပဲ ခွက် ၁ ဝက်
  • ကြက်ပြုတ်ရည် ၃ ခွက်
  • ကြက်အတောင်ပံနှင့်ခြေထောက် ၃၀ ကျပ်သား
  • မုန်လာဥနီ ၁ ဥ
  • တရုတ်နံနံ ၁ ချောင်း
  • ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဝက်
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်းခွဲ
  • မန်းကျည်းရည် ထမင်းစားဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၃ မွှာ
  • ကြက်သွန်နီ ၂ လုံး
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆီ ထမင်းစားဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဝက်
  • ချင်း လက် ၁ ဆစ်
  • ငရုတ်သီးစိမ်း ၈ တောင့်
  • ကရဝေးရွက် ၂ ရွက်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အရင်ဦးဆုံး ကုလားပဲတွေကို ခနောကြက်သားမှုန့်၊ ချင်းတို့နဲ့ ပြုတ်ထားပေးပါ။

  2. ကြက်သားတွေကို သန့်စင်ထားပြီး လိုအပ်ရင် တုံးထားပေးပါနော်။ မုန်လာဥနီလေးတွေကို အတုံးလေးတွေ တုံးထားပေးပြီး တရုတ်နံနံကိုတော့ ခပ်ကြီးကြီးလှီးဖြတ်ထားပေးပါ။

  3. ကြက်သွန်အဖြူအနီနဲ့ ချင်းတွေကိုတော့ ဆီသတ်ဖို့အတွက် ထောင်းထားပေးပြီး ငရုတ်သီးစိမ်းတွေကိုတော့ ထိပ်ပိုင်းလေးတွေ ညှပ်ထားပေးပါနော်။

  4. ဒယ်အိုးကို ဆီနဲ့အပူပေးပြီး ဆီပူလျှင် ဟင်းအနှစ်လုပ်ရန် ငံပြာရည်နဲ့ ငရုတ်သီးစိမ်းကလွဲလို့ ပါဝင်ပစ္စည်းများအားလုံးကို ဆီသတ်ပါ။

  5. ရွေရောင်သမ်းလာရင် ငံပြာရည် နှင့် ငရုတ်သီးစိမ်းထည့်ပြီး နှံအောင်မွှေပါ။

  6. အားလုံးပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ကုလားပဲဟင်းရည်ပူပူလေးကို ထမင်း‌‌လေးနဲ့တွဲပြီး သုံးဆောင်လို့ရပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent