
အာလူးကတ်တလိတ်ကြော်ကြွပ်ကြွပ်လေးနဲ့ ခနောဆန်ပြုတ်တွဲစားမယ်
20 မိနစ်
6 ဦးစာ
အလယ်အလတ်
ဒီတစ်ခါတော့ အသားတွေစားရတာ ငြီးငွေ့နေတဲ့ How to Cook ပရိသတ်ကြီးအတွက် သက်သတ်လွတ် အာလူးကတ်တလိပ်ကြော်နဲ့ ခနောဆန်ပြုတ်လုပ်နည်းလေးကို ပြောပြပေးလိုက်ပါတယ်။ အာလူးမှာ ပိုတက်ဆီယမ်၊ ဗီတာမင်စီနဲ့ ပရိုတင်းတို့ ကြွယ်ဝစွာပါ၀င်တဲ့အတွက် ပိုတက်ဆီယမ်ဟာ အာရုံကြောစနစ်ကို အထောက်အပံ့ပေးသလို ဗီတာမင်စီဟာလည်း ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေတဲ့အတွက် အခုပဲ လိုက်ချက်ကြည့်လိုက်ရအောင်။ *ဤဆောင်းပါးပါ အာဟာရဆိုင်ရာ အချက်အလက်များသည် ဒေါက်တာဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု)၏ အကြံပြုချက်အရရေးသားဖော်ပြထားပါသည်။*
ပါဝင်ပစ္စည်းများ
- အာလူး ၄ လုံး
- ကြက်သွန်နီ ၂ လုံး ၊ ခပ်သေးသေးလှီးထားပါ
- ကြက်သွန်ဖြူ ၅ မြွှာ ၊ နုတ်နုတ်စင်းထားပါ
- ငရုတ်သီးစိမ်း ၆ တောင့် ၊ ခပ်သေးသေးလှီးထားပါ
- အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- မဆလာ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကြက်ဥ ၂ လုံး
- တန်ပူရာအကြော်မှုန့် ၁ ထုပ်
- ဆီ ထမင်းစားဇွန်း ၃ ဇွန်း
- ဆီ ၁၀ ကျပ်သား
- ရေ ၂၅၀ မီလီလီတာ
- ခနောဆန်ပြုတ် တစ်ထုပ်
ချက်ပြုတ်ပြင်ဆင်ပုံ
-
အာလူးတွေကို ပြုတ်ပြီး အခွံနွှာကာ ချေထားပါ။
-
အဆာပလာအတွက် ဆီထမင်းစားဇွန်း ၃ ဇွန်းကို အပူပေးပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ အရောင်တင်မှုန့်၊ ခနောကြက်သားမှုန့်နဲ့ မဆလာတို့ကို နည်းနည်းလေး ခြောက်ပြီး မွှေးပျံ့လာတဲ့အထိ ၄၊ ၅ မိနစ်လောက်ကြော်ပေးပါ။ ပြီးရင်တော့ ဖယ်ထားလိုက်ပါ။
-
အာလူးချေထားတာကို အပြားလေးလုပ်၊ အဆာပလာတွေ ထည့်ပြီး အလုံးလေးတွေ ပြုလုပ်ပါ။
-
ကြက်ဥ ၂ လုံးကို ခွဲထားပြီး အာလူးလုံးလေးတွေကို ကြက်ဥဖောက်ထားတဲ့အထဲ စိမ်ပါ။ ပြီးရင်တော့ အကြော်မှုန့်သုတ်လိမ်းပါ
-
ဆီ ၁၀ကျပ်သားကို ထည့်ပြီး အပူပေးထားပါ။
-
ဆီပူလာတဲ့အခါ အာလူးလုံးလေးတွေ ထည့်ပြီး ရွှေရောင်သမ်းလာတဲ့အထိ ကြော်ပေးပါ။
-
အိုးအသစ်တစ်လုံးထဲမှာ ခနောဆန်ပြုတ်ထုပ်ကို ထည့်ပြီး ရေ ၂၅၀ မီလီလီတာထည့်ပါ။ ပွက်ပွက်ဆူလာတဲ့အခါ မီးလျှော့ပြီး ၃ မိနစ်ကနေ ၅ မိနစ်လောက်ထိ မွှေပေးပါ။
-
ဆန်ပြုတ်ရပြီဆိုရင် ခုန ကြော်ထားတဲ့ အာလူးကတ်တလိတ်ကြော်လေးနဲ့ ပူပူလေး သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent