အအီပြေစေမယ့် ဝက်မိုးခိုသား သရက်သီးသနပ်ချက်

အအီပြေစေမယ့် ဝက်မိုးခိုသား သရက်သီးသနပ်ချက်

50 မိနစ်

3 ဦးစာ

အလယ်အလတ်

ဒီတစ်ခါမှာတော့ လူတိုင်းအကြိုက်တွေ့‌သွားစေမယ့် ဝက်မိုးခိုသားနဲ့ သရက်သီးသနပ်ချက် ဟင်းချက်နည်းလေး တင်ပေးပါမယ်နော်။

ပါဝင်ပစ္စည်းများ

  • ဝက်မိုးခိုသား ၂၅ ကျပ်သား
  • ငါးပုပ်ခြောက် ၆ ကျပ်သားခန့်
  • သရက်သီးသနပ် ၆ ကျပ်သားခန့်
  • လေးညှင်းပွင့် ၅ ပွင့်
  • ဖာလာစေ့ ၅ စေ့
  • ကြက်သွန်ဖြူ ၁၀ တတ်
  • ကြက်သွန်နီ ၂ လုံး
  • ချင်း ၃ ကျပ်သားခန့်
  • ငရုပ်ပွခြောက် ၅ တောင့်
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲဆီသန့် ထမင်းစားဇွန်း ၅ ဇွန်း
  • သရက်သီးစိမ်း ၁ လုံး
  • ပူဒီနာရွက် အနည်းငယ်
  • ငရုပ်ကောင်းမှုန့် အနည်းငယ်
  • ရေသန့် ၁ လီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အရင်ဦးဆုံး ဝက်မိုခိုသားလေးတွေကို ပါးပါးလှီးပြီး ခနောကြက်သားမှုန့်၊ နနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်၊ သရက်သီးသနပ်အနည်းတို့နဲ့အတူ (၁၅)မိနစ်ခန့် အရသာသွင်းကာ နှပ်ထားပေးပါ။

  2. ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ချင်း နှင့် ငရုပ်ပွခြောက်တို့ကို ဟင်းအနှစ်ဖြစ်အောင် ငါးပုပ်ခြောက် အနည်းငယ်ဖြင့် ရောပြီး ထောင်းပါ ။

  3. သရက်သီးစိမ်းကို ပါးပါးလှီးပြီး ပူဒီနာရွက်နှင့်အတူ ရေခဲရေစိမ်ထားပေးပါနော်။

  4. အိုးတစ်လုံးကို အပူပေးပြီး ပဲဆီသန့်၊ နနွင်းမှုန့်အနည်းငယ်နဲ့ အသင့်ထောင်းထားသော ငရုပ်သီးအနှစ်ကို လေးညှင်းပွင့် ၊ ဖာလာစေ့၊သရက်သီးသနပ်၊ သရက်သီးစိမ်းတို့နဲ့အတူ ဆီသတ်ပါ။

  5. ငရုပ်သီးအနှစ် ကျက်ရင်တော့ အသင့်အရသာသွင်းထားတဲ့ ဝက်မိုးခိုသားကို ထည့်ချက်ပြီး ဆီပြန်လာတဲ့အထိ မီးပျော့ပျော့ နဲ့ ဆီသတ်ချက်ပါ။

  6. ဝက်မိုးခိုသား ဆီပြန်လာရင် ငရုပ်ကောင်းမှုန့် ထည့်ချက်ပြီး ရေသန့်အနည်းငယ် ထည့်ပြီး နူးတဲ့အထိ ချက်ပါ။

  7. ဝက်မိုးခိုသား သရက်သီးသနပ်ချက် နူးရင်တော့ အသင့်လှီးထားတဲ့ သရက်သီးစိမ်းနဲ့ ငရုပ်သီးခြောက်ကြော်၊ ပူဒီနာရွက်တို့ကို အလှဆင်ပြီး အရသာရှိရှိ စားသုံးနိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent