အသားတွေ စားရတာ ရိုးရင် ကြက်ဥပြန်ကြော်ချက်လေးစားမယ်

အသားတွေ စားရတာ ရိုးရင် ကြက်ဥပြန်ကြော်ချက်လေးစားမယ်

10 မိနစ်

2 ဦးစာ

လွယ်သော

ကျွန်တော်တို့ယောက်ျားလေးတွေဆိုတာဗိုက်ဝရင်ပြီးရောထမင်းနဲ့တွဲစားဖို့ဟင်းချက်ရင်အလုပ်ရှုပ်မခံချင်ကြတာများပါတယ်။အဲ့တော့လွယ်လွယ်နဲ့ပေါ့ပေါ့ပါးပါးချက်စားလို့ရတဲ့ကြက်ဥပဲအမြဲဝယ်ထားပြီးနည်းအမျိုးမျိုးချက်စားတော့တာပေါ့။အဲ့ဒီထဲကမှဒီကြက်ဥပြန်ကြော်ချက်လေးကအရသာထူးထူးခြားခြားလေးနဲ့စားလို့ကောင်းနေတာသိသွားတော့ဒီချက်နည်းလေးပြန်မျှဝေပေးချင်လာပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၄ လုံး
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း တစ်ဝက်
  • ကြက်သွန်နီ ၂ လုံး (ထောင်းထားပါ)
  • ကြက်သွန်ဖြူ အမွှာကြီးတစ်မွှာ (ထောင်းထားပါ)
  • မဆလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မန်ကျည်းရည် ထမင်းစားဇွန်း ၃ ဇွန်း
  • ငရုတ်သီးစိမ်းမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
  • ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
  • ဆီ ၅ ကျပ်သား
  • နံနံပင် ၅ ပင်
  • ရေ ၁၀၀ မီလီလီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ပထမဆုံး ကြက်ဥတွေကို ဆီပူထဲ ဟက်ဖရိုင်းကြော်ပါမယ်။အနှစ်မကျက်တကျက်လေး ဖြစ်လေကောင်းလေပါပဲ။ ပြီးရင် ဘေးဖယ်ထားပေးပါ။

  2. ကြော်ပြီး ဆီထဲ ကြက်သွန်နီ၊ဖြူထည့်ပြီး လှိမ့်ပါမယ်။ နှံ့ရင် ခနောကြက်သားမှုန့်၊မဆလာ၊ငရုတ်သီးအစိမ်းမှုန့်ထည့်ပြီးမွှေပါ။

  3. ပြီးတာနဲ့ ကြက်ဥကြော်ထားတာတွေထည့်ပြီး နည်းနည်းမွှေပြီးတာနဲ့ ငံပြာရည်နဲ့ မန်ကျည်းရည်မပျစ်မကျဲလေးထည့်ပါမယ်။ ရေအနည်းငယ်ထည့်ပါ။

  4. ရေခမ်းတဲ့ထိ ကြက်ဥကြော်ချက်လေးတွေကို မကြေအောင် အလုံးလိုက် အနေအထားထိ မွှေပေးပါမယ်။

  5. နောက်ဆုံးမှ ဟင်းပေါ်နံနံပင်အုပ်ပြီး အရသာလည်းရှိ မြန်မြန်ချက်လို့ရတဲ့ ကြက်ဥမွှေကြော်ချက်လေးကို ပန်းကန်ထဲ ပြောင်းထည့်နိုင်ပါပြီ။

  6. ထမင်းပူပူလေးနဲ့ ကြက်ဥကြော်ချက်လေးနယ်ဖတ်ပြီး ငါးပိရည်ကျိုလေးနဲ့ပါတွဲဖက်စားလိုက်ရရင်တခြားအသားငါးမလိုဘဲကိုထမင်းမြိန်တာလက်တွေ့ချက်စားကြည့်ကြပါကုန်။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent