အရသာရှိပြီး ဗီတာမင် B1 နှင့် ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ ကြက်ဥမဆလာဆန်ပြုတ်မွှေးမွှေးလေး

အရသာရှိပြီး ဗီတာမင် B1 နှင့် ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ ကြက်ဥမဆလာဆန်ပြုတ်မွှေးမွှေးလေး

7 မိနစ်

4 ဦးစာ

အလယ်အလတ်

How to Cook ပရိသတ်ကြီးရေ။ အရသာရှိသော ခနောကြက်သား ဆန်ပြုတ် နှင့် မဆလာရနံ့မွှေးကြိုင်နေသော ကြက်ဥမွှေကြော်လေး ကို အောက်ပါနည်းအတိုင်း ပြုလုပ်ကာ တွဲဖက် သုံးဆောင်မည်ဆိုပါက ငွေကုန်ကြေးကျ သက်သာပြီး အာဟာရရှိရှိ စိတ်ကြိုက် သုံးဆောင်နိုင်မှာပါ...

ပါဝင်ပစ္စည်းများ

  • 4 ခနောကြက်သားဆန်ပြုတ် (၂၅ ဂရမ်) ၄ ထုပ်
  • 3 ကြက်ဥ ၃ လုံး
  • 1 ခရမ်းချဥ်သီးအနီ ၁ လုံး
  • 3 ငရုတ်သီးစိမ်း ၃ တောင့်
  • 5 ကြက်သွန်ဖြူ ၅ မွှာ
  • 1 ကြက်သွန်နီ ၁ လုံး
  • 1/2 ဆား လက်ဖက်ရည်ဇွန်း တဝက်
  • 1 ဟင်းမွှေးမဆလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • 1 ဆီ ထမင်းစားဇွန်း ၁ ဇွန်း
  • 1 ရေ ၁ လီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ခရမ်းချဥ်သီးအနီ၊ ငြုပ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို နုပ်နုပ်စဥ်းပါ။

  2. ကြက်ဥများကို ခလောက်ပြီး အထက်ပါ နုပ်နုပ်စဥ်းထားသည့် အရာများ၊ ဆား နှင့် ဟင်းမွှေးမဆလာထည့်ကာ သမအောင် ရောမွှေပေးထားပါ။

  3. ဒယ်ထဲတွင် ဆီပူလာလျှင် အဆာပလာများနှင့် သမအောင် မွှေထားသော ကြက်ဥရည်ကို ထည့်ပြီး ကျက်သည်အထိ မွှေကြော်ကာ ပန်းကန်တစ်ချပ်ထဲတွင် ထည့်ထားပါ။

  4. ဆန်ပြုတ်ပြုလုပ်မည့် အိုးထဲတွင် ရေကို ပူအောင်တည်ပြီး ရေပူလာလျှင် ခနောဆန်ပြုတ်ထုပ်များကို ဖောက်ထည့် မွှေကာ မိမိ ကြိုက်နှစ်သက်ရာ အပျစ်အကျဲ အနေအထားအလိုက် ၃ မိနစ်မှ ၅ မိနစ်ခန့် ဆက်ကျိုပေးပါ။ (ခနောဆန်ပြုတ်ကျိုနည်း အသေးစိတ်ကို ဆန်ပြုတ်ထုပ်၏ အနောက်ပါ အညွှန်းတွင်လည်း အသေးစိတ် ဖတ်ရှုနိုင်ပါသည်)

  5. ဆန်ပြုတ်ကျက်လျှင် တည်ခင်းမည့် ပန်းကန်ထဲသို့ ပြောင်းထည့်ကာ အပေါ်မှ မဆလာကြက်ဥမွှေကြော် မွှေးမွှေးလေးကို တင်ကာ စိတ်ကြိုက် တွဲဖက် သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent