
အရည်သောက်အတွက် မုန်လာဥချဉ်ရည်ဟင်းတစ်ခွက်
5 မိနစ်
3 ဦးစာ
လွယ်သော
ငါးခြောက်၊ ငါးကြော်၊ ငါးပိကြော်လိုမျိုး ဟင်းခြောက်ခြောက်တွေနဲ့ စားရတဲ့နေ့မျိုးမှာ ကျွန်မအတွက်ကယ်တင်ရာကတော့ ချဉ်ပြုံးပြုံးနဲ့ ခံတွင်းရှင်းစေတဲ့ မုန်လာဥချဥ်ရည်ဟင်းလေးတစ်ခွက်ပါပဲ။ ဆီမပါ၊ အအီပြေ ခံတွင်းလိုက်စေပြီး ချက်ပြုတ်ရတာလည် းလွယ်ကူလှတဲ့ မုန်လာဥချဉ်ရည်ဟင်းလေးကို ခနောမန်ကျည်းအရသာမှုန့်လေးနဲ့ ခုလိုမြန်မြန်ဆန်ဆန်ချက်နိုင်ပြီနော်။
ပါဝင်ပစ္စည်းများ
- မုန်လာဥလတ် ၂ လုံး (အခွံနွှာရေဆေးပြီး မထူမပါးခပ်စွေစွေလှီးထားပါ)
- ကြက်သွန်နီ ၁ လုံး (အခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ)
- စိမ်းစားငါးပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပုစွန်ခြောက် ၇ ကောင်
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း တစ်ဝက်
- ခနောချဥ်ပြုံးပြုံးမန်ကျည်းအရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် ချဉ်ပြုံးပြုံးမန်ကျည်းအရသာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းသည် မန်ကျည်းမှည့် ၂ ကျပ်ခွဲသားခန့်နှင့်ညီမျှပါသည်)
- ရေ ၈၀၀ မီလီလီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
အိုးထဲကို မုန်လာဥ၊ ငါးပိ၊ ကြက်သွန်နီ၊ ပုစွန်ခြောက်တို့ထည့်ပြီး ခဏအဖုံးအုပ်ကာ သူ့အရည်နဲ့သူလုံးချက်ပေးပါ။
-
မုန်လာဥထဲကို အရသာနည်းနည်းဝင်ပြီဆိုရင် ရေထည့်၊ အဖုံးအုပ်ပြီး ပွက်ပွက်ဆူအောင်တည်ပါမယ်။
-
မုန်လာဥနူးလာပြီဆိုရင် ခနောကြက်သားမှုန့်နဲ့ ခနောမန်ကျည်းအရသာမှုန့်တို့ထည့်ကာ ခဏလေးဆက်တည်ထားပါ။ အရသာစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ ပန်းကန်ထဲထည့်ကာသုံးဆောင်နိုင်ပါပြီ။
-
ဆီလည်းမပါ မန်ကျည်းအရသာချဉ်ပြုံးပြုံးလေးနဲ့ ထမင်းစားမြိန်စေမယ့် မုန်လာဥချဉ်ရည်ဟင်းလေးကို မြန်မြန်လေးချက်စားကြည့်ပါဦးနော်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent
-
အရသာရှိပြီး ဗီတာမင် B1 နှင့် ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ ကြက်ဥမဆလာဆန်ပြုတ်မွှေးမွှေးလေး
20 မိနစ်
4 ဦးစာ
အလယ်အလတ်
-
ကိုယ်ခံအားပြည့် သံဓာတ်ဖြည့် ကြက်ဥဟင်းနုနွယ်ကြော်တစ်ခွက်
15 မိနစ်
4 ဦးစာ
အလယ်အလတ်
-
ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ သီးနှံစုံ အသားလုံးဆန်ပြုတ်
20 မိနစ်
4 ဦးစာ
အလယ်အလတ်
-
အာဟာရပြည့် ကန်စွန်းဥဆန်ပြုတ်ချိုလေး
15 မိနစ်
1 ဦးစာ
လွယ်သော