အနံ့အရသာနဲ့ ပြည့်စုံတဲ့ ကြက်သားဆီကူးဟင်း

အနံ့အရသာနဲ့ ပြည့်စုံတဲ့ ကြက်သားဆီကူးဟင်း

45 မိနစ်

3 ဦးစာ

အလယ်အလတ်

ကြက်သားတုံးနူးနူးအိအိလေးကိုမှ ဆီပြန်လေးချက်စားချင်သူတွေအတွက် ကြက်သားဆီကူးဟင်းချက်နည်းလေးအကြောင်း ပြောပြမယ်နော်။ ကြက်သားတုံးလေးတွေကိုမှ အရောင်တင်မှုန့်ရဲရဲလေးမို့ စားချင်စဖွယ်လေးဖြစ် နေမှာ အမှန်ပါပဲ။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၃၀ ကျပ်သား
  • ကြက်သွန်နီ ၄ လုံး
  • ကြက်သွန်ဖြူ ၃ မွှာ
  • ချင်း လက်တဆစ်
  • ငရုတ်သီးမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
  • ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
  • ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်းခွဲ
  • နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
  • ဆီ ထမင်းစားဇွန်း ၅ ဇွန်းခွဲ
  • ဆား လက်ဖက်စားဇွန်း ၁ ဝက်
  • ငံပြာရည် လက်ဖက်စားဇွန်း ၁ ဝက်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အရင်ဦးဆုံး ကြက်သားတွေကို သန့်စင်ဆေးကြောပြီး အနေတော်အတုံးလေးတွေ တုံးကာ ခနောကြက်သားမှုန့် (လက်ဖက်စားဇွန်း - ၁ ဇွန်းခွဲ) နဲ့ နယ်ထားပေးပါ။

  2. ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊ ချင်းတို့ကို ထောင်းထားပေးပါ။ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာတဲ့အခါ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို နနွင်းမှုန့်လေးထည့်ကာ ဆီသတ်ပေးပါ။

  3. ကြက်သွန်လေးတွေ နွမ်းလာပြီဆိုရင်တော့ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ ငံပြာရည်၊ ခနောကြက်သားမှုန့်တို့ထည့်ပြီး အရသာသွင်းပါ။

  4. ပြီးရင်တော့ ကြက်သားတုံးလေးတွေကို ထည့်ပြီး ဆီသတ်ထားသောအရသာတွေနဲ့ နှံ့သွားအောင် မွှေပေးပါ။

  5. ကြက်သားတုံးလေးတွေ နူးဖို့အတွက်ဆိုရင်တော့ ကြက်သားတုံးမြုပ်ရုံ ရေ (၁)ခွက်စာလောက်ထည့်ပြီး အဖုံးအုပ်ထားပေးပါ။

  6. ပြီးရင်တော့ ကျန်ပါဝင်ပစ္စည်းတွေထည့်ပြီး အရသာမြည်းကြည့်ပေးပါ။

  7. အရည်လေးတွေလည်းခမ်း အနံ့လေးတွေလည်းမွှေးထားပြီး ကြက်သားလေးတွေလည်း နူးလာပြီဆိုရင်တော့ အရသာရှိတဲ့ ကြက်သားဆီကူးဟင်းလေးတစ်ခွက် ရပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent