
အနောက်တိုင်းစတိုင် အမဲသား Steak လေးလုပ်စားကြမယ်
20 မိနစ်
2 ဦးစာ
အလယ်အလတ်
အမဲသားကို အနောက်တိုင်းစတိုင်ဆိုတာနဲ့ မြင်မိမယ့်အစားအစာကကမ္ဘာတလွှားနှစ်နှစ်ခြိုက်ခြိုက်စားလေ့ရှိကြတဲ့Beef Steak ပါပဲ။အဲ..ဒါပေမယ့်အရသာရှိသလောက်ဈေးကလည်းကြီးတော့တော်တန်ရုံလူတွေအမြဲမစားနိုင်ဘူးလေ။ဒါ့ကြောင့်အိမ်မှာလွယ်လွယ်လေးနဲ့အရသာရှိရှိစားလို့ရမယ့် Beef Steak ကို Western Style ချက်နည်းလေး How to Cook team ကနေ ဒီတစ်ခါ ပြောပြလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- အမဲသားပေါင်သား ၃၀ ကျပ်သား
- ထောပတ် ထမင်းစားဇွန်း ၂ ဇွန်း
- Rose Mary မှုန့် ထမင်းစားဇွန်း တစ်ဝက်
- ငရုတ်ကောင်းမှုန့် ထမင်းစားဇွန်း သုံးပုံတစ်ပုံ
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း တစ်ဝက်
- Cherry Tomato ၁၀ လုံး
- ပန်းဂေါ်ဖီစိမ်း တစ်ထုပ်ရဲ့တစ်ဝက်
- မုန်လာဥနီ တစ်ချောင်း
- ကြက်သွန်ဖြူ အမွှာကြီး ၃ မွှာ (အခွံခွာထားပါ)
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဆုံးအမဲသားကို ခနောကြက်သားမှုန့်နဲ့နယ်ဖတ်ပြီးငရုတ်ကောင်းမှုန့်လေးတွေဖြူးထားကာ၅မိနစ်နှပ်ထားပေးပါ။
-
ဒယ်အိုးပေါ်မီးပူလာတာနဲ့ထောပတ်ထည့်ပြီးအမဲသားကိုတင်ပါမယ်။Rose Mary မှုန့်တွေဖြူးပေးပါ။အဲ့ဒီအချိန်အမဲသားရဲ့ဘေးမှာကြက်သွန်ဖြူခွာပြီးသားဥတွေထည့်ပြီး အလုံးလိုက်ပဲ လှိမ့်ပေးပါ။
-
အဲဒီ ထောပတ်ဆီနဲ့အမဲသားကိုအပြင်ဘက်ညိုရဲသွားတဲ့ထိမီးအပူထဲထည့်အပူပေးထားပါ။ နောက်ဆုံးကိုယ်လိုချင်တဲ့အနေအထားရပြီဆိုမှအိုးထဲကချပါမယ်။ (တချို့က ကျက်မှ စားပြီး တချို့က မကျက်တကျက်အနေအထားကြိုက်တဲ့အတွက် ကိုယ်လိုချင်တဲ့ အနေအထားမှာ ချခိုင်းတာ ဖြစ်ပါတယ်)
-
ကျန်တဲ့ဆီနဲ့ပန်းဂေါ်ဖီစိမ်း၊မုန်လာဥနီ၊ချယ်ရီခရမ်းချဉ်သီးတို့ကိုအိုးကင်းပူလှော်ပေးပါ။နည်းနည်းဆီအိလာပြီဆို Steak ပန်းကန်ဘေးမှာအလှဆင်ပြီး သုံးဆောင်လို့ ရပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent