
အခြောက်အခြမ်းထားပြီး စားစရာ ငါးပိကြော်နည်း
20 မိနစ်
4 ဦးစာ
အလယ်အလတ်
ပိတ်ရက်တွေရောက်လာခါနီးတိုင်း အိမ်မှာငါးပိကြော်ကြော်ကြတယ်လေ။ ခရီးထွက်ဖို့ ဘာညာတာဆူကြတည်းက လွယ်လွယ်စားလို့ရတာ အရသာရှိတာဆို အစ်မကတော့ သူတို့လေးတွေအတွက် ဘာလေးနဲ့စားစား မြိန်တဲ့ငါးပိကြော်လေးကြော်ပေးဖြစ်ပါတယ်။ ဒီတစ်ခါတော့ ဘယ်လိုကြော်ရမလဲပါ လာမေးကြတဲ့သူတွေအတွက် အရသာရှိတဲ့ ငါးပိကြော်နည်းလေး သေချာပြောပြပေးသွားပါမယ်။
ပါဝင်ပစ္စည်းများ
- ကြက်သွန်နီ (ထောင်းပြီးသား) ၂၅ ကျပ်သား
- ကြက်သွန်ဖြူ (ထောင်းပြီးသား) ၁၀ ကျပ်သား
- ပုစွန်ခြောက်အကောင် ၁၀ ကျပ်သား
- ပုစွန်ခြောက်မှုန့် ၁၀ ကျပ်သား
- ဆီ ၂၅ ကျပ်သား
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း သုံးပုံနှစ်ပုံ
- ငံပြာရည် ထမင်းစားဇွန်း ၃ ဇွန်း
- ငါးပိစိမ်းစား ထမင်းစားဇွန်း ၁ ဇွန်း (ဓားပြားကင်ပြီး)
- သကြား ထမင်းစားဇွန်း တစ်ဝက်
- ငရုတ်သီးအကြမ်းဖက် ၅ ကျပ်သား
- မန်ကျည်းရည် ထမင်းစားဇွန်း ၅ ဇွန်း
- ရေ ထမင်းစားဇွန်း ၃ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
ဒယ်အိုးထဲ ပထမဆုံး ကြက်သွန်နီနဲ့အဖြူနဲ့ ဥလေးတွေအတိုင်းလှော်ပါ။
-
ငရုတ်နီခြောက်တောင့်လေးတွေကိုလည်း လှော်ပြီးမှ ထောင်းလိုက်ပါ။
-
ဆီပူပူထဲ ကြက်သွန်နီနဲ့ကြက်သွန်ဖြူထောင်းပြီးသားတို့ကို ငရုတ်အကြမ်းဖတ်တောင်းထားတာနဲ့တူတူရောထည့်ပြီး မွနေအောင် ဆီသတ်ပါ။
-
ကျက်တာနဲ့ ပုစွန်ခြောက်အကောင်ရော အမှုန့်ရောထည့်ပါ။
-
သမတာနဲ့ မန်ကျည်းရည်၊ ခနောကြက်သားမှုန့်၊သကြား၊ ငံပြာရည်နဲ့ ငါးပိစိမ်းစားမီးကင်ကို ရေ၃ဇွန်းစာခန့်ဖျော်ထည့်ပါမယ်။ပြီးတာနဲ့ ရေခမ်းတဲ့ထိ သေချာနှံ့အောင်မွှေပြီး အနံ့မွှေးတက်လာပြီဆို တစ်အိမ်သားလုံး ထမင်းမြိန်မယ့် ငါးပိကြော်မွှေးမွှေးလေးကို ပုစွန်ခြောက်နိုင်းချင်းနဲ့ စားလို့ရပါပြီရှင်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent