ဝက်သုံးထပ်သားလေးကို ဂေါ်ဖီလေးနဲ့ ကြော်စားကြမယ်

ဝက်သုံးထပ်သားလေးကို ဂေါ်ဖီလေးနဲ့ ကြော်စားကြမယ်

20 မိနစ်

3 ဦးစာ

လွယ်သော

ဂေါ်ဖီလေးကို ဘဲဥ၊ ကြက်ဥလေးတွေနဲ့ ကြော်စားရတာ ရိုးလာတဲ့သူတွေအတွက် ဝက်သုံးထပ်သားလေးနဲ့ ပေါင်းစပ်ကြော်နည်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ ဝက်သုံးထပ်သားတင်းတင်းလေးကို ဂေါ်ဖီအိအိလေးနဲ့ တွဲစားရမှာမို့ တစ်ခါစားပြီးတိုင်း ထပ်ထပ်စားချင်စိတ်တွေ ဖြစ်ပေါ်စေမှာပါ။

ပါဝင်ပစ္စည်းများ

  • ဝက်သုံးထပ်သား ၁၀ ကျပ်သား
  • ဂေါ်ဖီထုပ် ၁၀ ကျပ်သား
  • ကြက်သွန်ဖြူ ၅ တက်
  • ကြက်သွန်နီ ၁ လုံး
  • ချင်း အနည်းငယ်
  • နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
  • ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
  • ဆီ ထမင်းစားဇွန်း ၂ ဇွန်း
  • ရေသန့် ဝ.၅ လီတာ
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ငရုတ်သီးစိမ်း ၅ တောင့်
  • ကြက်သွန်မြိတ် အနည်းငယ်
  • ရှမ်းငရုတ်နီ ၁ တောင့်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အရင်ဦးဆုံး ဝက်သုံးထပ်သားလေးတွေကို သန့်စင်ပြီး မိနစ် (၃၀)ခန့်ပြုတ်ကာ အတုံးသေးလေးတွေ တုံးထားပေးပါ။

  2. ဂေါ်ဖီထုပ်လေးကိုတော့ ရေဆေးပြီး အနေတော် လှီးဖြတ်ထားပြီး (၃)မိနစ်ခန့် ပြုတ်ပေးပါ။

  3. ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ချင်းလေးတွေကိုတော့ ဆီသတ်ဖို့အတွက် ထောင်းထားပေးပါနော်။

  4. ဒယ်အိုးထဲမှာ ဆီအပူပေးပြီး ထောင်းထားတဲ့ ငရုတ်နှစ်လေးတွေကိုထည့်ပြီး ဆီသတ်ပေးပါ။

  5. ဆီသတ်နံ့လေးမွှေးပြီး ကြက်သွန်လေးတွေ နွမ်းလာပြီဆိုရင်တော့ ပြုတ်ထားတဲ့ ဝက်သုံးထပ်သားနဲ့ ဂေါ်ဖီလေးတွေကို ထည့်ကြော်ပေးပါနော်။

  6. ဝက်သုံးထပ်သားလေးတွေ နွမ်းလာပြီဆိုရင်တော့ ငရုတ်ကောင်းမှုန့်၊ ခနောကြက်သားမှုန့်တို့ထည့်ပြီး အရသာသွင်းပေးပါ။

  7. မိနစ်အနည်းငယ်ကြာရင်တော့ ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်းလေးထည့်ချက်ပေးပါနော်။

  8. အိုးကချခါနီးရင်တော့ ရှမ်းငရုတ်သီးလေးအုပ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent