
လွယ်ကူမြန်ဆန်ပြီး အရသာရှိတဲ့ ငါးဖယ်အုန်းနို့ချက်
30 မိနစ်
4 ဦးစာ
အလယ်အလတ်
ချက်ရတာလွယ်ကူပြီး စားလို့လဲကောင်းတဲ့ ဟင်းလျာလေးတစ်ခုဖြစ်တဲ့ ငါးဖယ်အုန်းနို့ချက်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ ငါးဖယ်ဆိုတာ ငါးဟင်းမကြိုက်တဲ့သူ တော်တော်များများတောင် စားကြတဲ့အတွက် ဒီဟင်းလေးကလဲ လူတိုင်းအကြိုက်တွေ့စေမှာ အသေအချာပါပဲ။
ပါဝင်ပစ္စည်းများ
- ငါးဖယ်ခြစ် ၂၅ ကျပ်သား
- အုန်းနို့ ၂၀၀ မီလီလီတာ
- ကြက်သွန်နီ ၂ လုံး
- ကြက်သွန်ဖြူ ၁၀ တတ်
- ချင်း ၅ ကျပ်သား
- စပါးလင် ၂ ပင်
- ငရုတ်ပွခြောက် ၅ တောင့်
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် ၂ ဇွန်း
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပဲဆီသန့် ထမင်းစားဇွန်း ၅ ဇွန်း
- ခရမ်းချဉ်သီး (ကိုင်းသီး) ၁၀ ကျပ်သား
- နံနံပင် အနည်းငယ်
- ငရုတ်သီးစိမ်း ၁၀ တောင့်
- ရေသန့် ဝ.၅ လီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဆုံး ငါးဖယ်ခြစ်ကို ခနော ကြက်သားမှုန့်၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်တို့ဖြင့် ရောနယ်ပြီး အရသာသွင်းပါ။ ပြီးလျှင် ၁မိနစ်ခန့် ကြော်ပါ။
-
ငါးဖယ်ကြော်ရရင် ပန်းကန်တစ်လုံးထဲ ပြောင်းထည့်ထားပါ။ ခရမ်းချဉ်သီး(ကိုင်းသီး) ကို ညက်အောင် ကြိတ်ပါ။ ငရုတ်သီးနှင့် နံနံပင်တို့ကို ရေစိမ်ထားပါ။
-
ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ငရုတ်ပွခြောက်တို့ကို ကြေညက်အောင် ထောင်းပြီး ဟင်းအနှစ် လုပ်ထားပါ
-
ပြီးရင်တော့ ဒယ်အိုးကို အပူပေးပြီး နံနံပင်အရိုး၊ နနွင်းမှုန့်၊ စပါးလင်၊ အသင့်ထောင်းထားတဲ့ ငရုတ်သီး အနှစ်တို့ကို ရောမွှေပြီး ဆီသတ်ပါ။
-
ငရုတ်သီးအနှစ်တွေ ကျက်သွားရင်တော့ အသင့်ကြိတ်ထားတဲ့ ခရမ်းချဉ်သီးကို ထည့်ပြီး ချက်ပါ။ ဆီပြန်လာရင် အုန်းနို့ကိုထည့်ပြီး မွှေပေးပါ။ အုန်းနို့ဆီပြန်လာရင်တော့ အသင့်ကြော်ထားတဲ့ ငါးဖယ်ကို ထည့်ချက်ပါ။
-
ငါးဖယ်ဆီပြန်လာရင် ရေသန့် အနည်းငယ်ထည့်ပြီး ခနောကြက်သားမှုန့်၊ ငါးငံပြာရည်၊ ငရုတ်ကောင်းမှုန့် တို့နဲ့ လိုသလို အရသာထိန်းပြီး ချက်ပါ။
-
ကျက်သွားတဲ့အခါ ပန်းကန်ထဲပြောင်းထည့်ပြီး ငရုတ်သီးစိမ်း၊ နံနံပင်တို့အုပ်ပြီးတဲ့ အချိန်မှာတော့ အရသာရှိပြီး ထမင်းမြိန်စေမယ့် ငါးဖယ် အုန်းနို့ချက်ဟင်းလေး ရသွားပါပြီနော်။ တစ်မျိုးထဲနဲ့ကောင်းလွန်းလို့ အရံဟင်းတောင်မလိုပဲ ဟင်းတစ်မျိုးထဲနဲ့ စားရင်တောင် အရသာရှိတဲ့ ထမင်းဝိုင်းလေး ဖြစ်စေမှာပါနော်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent