
လျှာလည်သွားစေမယ့် ရုံးပတီသီးဝက်သားပြားကြော်
30 မိနစ်
3 ဦးစာ
လွယ်သော
ဒီတစ်ခါမှာတော့ ရုံးပတီသီးလေးတွေကို အရသာပိုပြီးပေါ်လွင်သွားအောင် ဝက်သားပြားလေးနဲ့ ကြော်စားကြည့်ရအောင်နော်။ ဝက်သားပြားနဲ့ ရုံးပတီသီးလေးတွေကို ငရုတ်ပွသီးလေးပါ ထည့်ကြော်ထားတာမို့ အနံ့လေးလည်းပိုမွှေးပြီး အရသာထိမိနေစေမှာပါ။
ပါဝင်ပစ္စည်းများ
- ရုံးပတီသီး ၃၀ ကျပ်သား
- ဝက်သားပြား ၂ ပြား
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူ ၂ မွှာ
- ငရုတ်ပွသီးအဝါ ၁ ခု
- ခရမ်းချဉ်သီး ၂ လုံး
- ထောပတ်ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ဆား အနည်းငယ်
- ငရုတ်သီးစိမ်း ၃ တောင့်
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ရုံးပတီသီးလေးတွေကို ရေစင်အောင်ဆေးပြီး အနေတော်လှီးထားပါ။
-
ကြက်သွန်ဖြူလေးတွေကို ပါးပါးလှီးထားပြီး ငရုတ်ပွအဝါ၊ ခရမ်းချဉ်သီးတို့ကို အစေ့ထုတ်ကာ လှီးထားပေးပါနော်။
-
ဝက်သားပြားလေးတွေကိုလည်း အနေတော်လှီးပေးထားပါ။ ငရုတ်သီးစိမ်းလေးတွေကိုတော့ ထိပ်လေးတွေ ညှပ်ထားပေးပါ။
-
ဒယ်အိုးထဲမှာ ထောပတ်ဆီထည့်ပြီး ဆီပူလာတဲ့အခါ ကြက်သွန်ဖြူနဲ့ ဝက်သားပြားလေးတွေကိုထည့်ပြီး ၂ မိနစ်ခန့်ကြော်ပေးပါ။
-
ပြီးရင်တော့ ရုံးပတီသီးနဲ့ ငရုတ်သီးစိမ်းလေးတွေကို ထည့်ကြော်ပေးပါနော်။ ရေထည့်ရန်လိုအပ်ရင် အနည်းငယ်တောက်ပေးနိုင်ပါတယ်။
-
အရသာအတွက် ခနောကြက်သားမှုန့်၊ ဆားတို့ထည့်ပြီး အရသာစပ်ကာ မိနစ်အနည်းငယ်ကြာရင်တော့ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent