
လျှာလည်ထိမိသွားစေမယ့် ချဉ်စပ်ကြက်သားသီးစုံချက်
45 မိနစ်
3 ဦးစာ
အလယ်အလတ်
အိမ်ရှင်မတို့ရေ ဒီတစ်ခါမှာတော့ ကြက်သားကို တမျိုးလေးဆန်းသွားအောင် အသီးအနှံ့အစုံထည့်ပြီး ချဉ်စပ်လေး ချက်စားကြည့်ရအောင်နော်။ ကြက်သားနူးနူးအိအိလေးကိုမှ အသီးအနှံချဉ်စပ်လေးမို့ ထမင်းဝိုင်းလေးပြည့်စုံပြီး ခံတွင်းမြိန်စေမှာတော့ အသေအချာပဲနော်...
ပါဝင်ပစ္စည်းများ
- ကြက်ပေါင်သား ၃၀ ကျပ်သား
- ခရမ်းချဉ်သီး ၂ လုံး
- ခရမ်းသီး ၂ လုံး
- ထောပတ်ခရမ်းသီး ၁ လုံး
- နံနံပင် ၅ ပင်
- ပဲတောင့်ရှည် ၅ တောင့်
- ဂေါ်ရခါးသီး ၁ ခြမ်း
- မုန်လာဥဖြူ ၁ ဥ
- မုန်လာဥနီ ၁ ဥ
- ရုံးပတီသီး ၅ တောင့်
- ဖရုံသခွား ၁ လုံး
- သရက်သီးခြောက် ၅ ကျပ်သား
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်းခွဲ
- ကြက်သွန်ဖြူ ၃ မွှာ
- ကြက်သွန်နီ ၃ လုံး
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- ငရုတ်သီးအစမ်းမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
- ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ငံပြာရည် လက်ဖက်စားဇွန်း ၂ ဇွန်း
- ဆား လက်ဖက်စားဇွန်း ၁ ဝက်
- ချင်း လက် ၁ ဆစ်
- ငရုတ်သီးစိမ်း ၈ တောင့်
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ကြက်သားလေးတွေကို ရေသန့်စင်ပြီး အနေတော်အတုံးလေးတွေ တုံးထားပြီး ခနောကြက်သားမှုန့်၊ နနွင်းမှုန့်လေးနဲ့ နယ်ထားပေးပါ။
-
ခရမ်းချဉ်သီးလေးတွေကို ၄ စိတ်ခြမ်းထားပြီး ထောပတ်ခရမ်းသီးနဲ့ ရိုးရိုးခရမ်းသီးလေးတွေကိုတော့ အနေတော်တုံးထားပါ။
-
နံနံပင်လေးတွေကို ခပ်ကြမ်းကြမ်းဖြတ်ထားပြီး ပဲတောင့်ရှည်လေးတွေကိုတော့ လက် ၂ ဆစ်ခန့် ဖြတ်ထားပေးပါ။
-
ဂေါ်ရခါးသီး၊ မုန်လာဥနီ၊ ရုံးပတီသီး၊ ဖရုံသခွားလေးတွေကိုလည်း အနေတော် တုံးထားပြီး သရက်သီးခြောက်လေးကိုတော့ ရေစိမ်ထားပေးပါ။
-
ဆီသတ်ဖို့အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ချင်းလေးတွေကို ထောင်းထားပေးပါ။ ငရုတ်သီးစိမ်းလေးတွေကိုတော့ ရေစိမ်ပြီး အညှာချွေထားပေးပါ။
-
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီဆူလာရင်တော့ ထောင်းထားတဲ့ ကြက်သွန်နှစ်လေးအပြင် ကျန်ပါဝင်ပစ္စည်းတွေကိုထည့်ပေးပါ။
-
အနှစ်လေးတွေကို ရွှေရောင်သန်းလာသည်အထိ ဆီသတ်ပြီးမှ ငံပြာရည်နဲ့ ငရုတ်သီးစိမ်းတွေထည့်ပြီး နှံ့အောင်မွှေပါ။
-
ပြီးရင် ကြက်သားတုံးလေးတွေထည့်ပြီး နူးသွားအောင် ရေအနည်းငယ်ထည့်ချက်ပါ။
-
ကျန်အသီးအရွက်များထည့်ပြီး နူးလာသည်အထိ မွှေကာ ချက်ပေးပါနော်။
-
ရေလည်းခမ်း အသားနဲ့ အသီးအရွက်တွေလည်း နူးလာပြီဆိုရင်တော့ နံနံပင်လေးအုပ်ပေးပါ။
-
အရသာအတွက် လိုအပ်ရင် ခနောကြက်သားမှုန့်ထည့်နိုင်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent