လူတိုင်း ထမင်းမြိန်စေမယ့် ဂေါ်ရခါးသီး၊ ဂျူးမြစ်နဲ့ ငါးဖယ်ချဉ်ဟင်း

လူတိုင်း ထမင်းမြိန်စေမယ့် ဂေါ်ရခါးသီး၊ ဂျူးမြစ်နဲ့ ငါးဖယ်ချဉ်ဟင်း

30 မိနစ်

3 ဦးစာ

အလယ်အလတ်

အရည်သောက်ကြိုက်သူများအတွက် အရသာရှိတဲ့ ဂေါ်ရခါးသီး၊ ဂျူးမြစ်နဲ့ ငါးဖယ်ချဉ်ရည်ဟင်း ချက်နည်းလေးကို ပြောပြပေးမယ်နော်။ လုပ်ရတာလွယ်ကူပြီး ရိုးရှင်းတဲ့ ဟင်းလေးဖြစ်တဲ့အတွက် အိမ်ရှင်မများ ချက်စားကြည့်သင့်တဲ့ ဟင်းပွဲလေးလဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးဖယ်ခြစ် ၁၀ ကျပ်သား
  • ကြက်သွန်နီ ၁ လုံး
  • ကြက်သွန်ဖြူ ၁၀ တတ်
  • ငရုပ်ခြောက် ၃ တောင့်
  • ချင်း အနည်းငယ်
  • မျှင်ငါးပိ လက်ဖက်စားဇွန်း ၁ ဇွန်း
  • ငရုပ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
  • ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၃ ဇွန်း
  • နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
  • မန်းကျည်းမှည့်အနှစ် ထမင်းစားဇွန်း ၁ ဇွန်း
  • ငါးငံပြာရည် လက်ဖက်စားဇွန်း ၁ ဇွန်း
  • နံနံပင် အနည်းငယ်
  • ငရုပ်သီးစိမ်း ၁၀ တောင့်
  • ခရမ်းချဉ်သီး ၃ လုံး
  • ရှမ်းနံနံ အနည်းငယ်
  • ရှမ်းငရုပ်နီ ၁ တောင့်
  • ရှမ်းငရုပ်စိမ်း ၁ တောင့်
  • ဂျူးမြစ် အနည်းငယ်
  • ဂေါ်ရခါးသီး ၁ လုံး
  • ပဲဆီသန့် ထမင်းစားဇွန်း ၂ ဇွန်း
  • ရေသန့် ၁ လီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ငရုပ်ခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ချင်းတို့ကိုထောင်းပြီး ဟင်းအနှစ် ပြုလုပ်ထားပါ။

  2. ငါးဖယ်ခြစ်ကို နနွင်းမှုန့်၊ ခနောကြက်သားမှုန့်၊ ငရုပ်ကောင်းမှုန့်တို့နဲ့ အရသာသွင်းပြီး ထောင်းထားပါ။

  3. ဂေါ်ရခါးသီးကို အခွံနွှာပြီး ပါးပါးလှီးပါ။ ဂျူးမြစ်ကိုလည်း ၂ လက်မခန့် လှီးဖြတ်ပြီး သန့်စင်ထားပါ။

  4. အိုးတစ်လုံးတွင် ပဲဆီသန့်ကို အပူပေးပြီး နနွင်းမှုန့်အနည်းငယ်နဲ့ အသင့်ထောင်းထားတဲ့ ဟင်းအနှစ်ကို ဆီသတ်ပါ။

  5. ငရုပ်သီးအနှစ်ကျက်ပြီဆိုရင်တော့ အသင့်လှီးထားတဲ့ ခရမ်းချဉ်သီးကို မျှင်ငါးပိ ၊ ငါးငံပြာရည် တို့နဲ့ ထည့်ချက်ထားပါ။

  6. ခရမ်းချဉ်သီးကျက်ရင်တော့ ရေသန့်ထည့်ချက်ပြီး အရသာကို ခနောကြက်သားမှုန့်၊ ငရုပ်ကောင်းမှုန့်တို့နဲ့ ထိမ်းညှိပါ။

  7. ဟင်းရည်ပွက်ပွက်ဆူရင် အသင့်လှီးထားတဲ့ ဂေါ်ရခါးသီး၊ ဂျူးမြစ်နဲ့ငါးဖယ်ခြစ်တို့ကို ထည့်ချက်ပြီး ၂၀ မိနစ်ခန့် ချက်ပေးပါ။

  8. ငါးဖယ်လုံးများနဲ့ ဂေါ်ရခါးသီး ကျက်သွားပြီဆိုရင်တော့ မန်းကျည်းမှည့်အနှစ် ထည့်ချက်ပြီး ရှမ်းငရုပ်နီ၊ ရှမ်းငရုပ်စိမ်း၊ ငရုပ်သီးစိမ်းနှင့် ရှမ်းနံနံတို့အုပ်ပြီး အရသာရှိရှိ စားလို့ရပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent