
လူတိုင်းအကြိုက်တွေ့သွားစေမယ့် ရာသီပေါ်အသီးအရွက်ကြော်ချက်နည်း
30 မိနစ်
3 ဦးစာ
လွယ်သော
ဒီတစ်ခေါက်မှာတော့ အရံဟင်းဘာချက်ရမလဲဆိုပြီး ခေါင်းစားနေကြသူများအတွက် လွယ်ကူသက်သာပြီး အရသာရှိတဲ့ ရာသီပေါ် အသီးအရွက်ကြော်နည်းလေး ပြောပြပေးသွားပါမယ်နော်။ အချိန်ခဏလေးနဲ့ ချက်လို့ရတဲ့ ဟင်းလေးမို့ ရုံးသမားကျောင်းသမားတွေအတွက် အဆင်ပြေစေတဲ့ ဟင်းလေးလဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဖရုံသခွား ၁ လုံး
- ပန်းဂေါ်ဖီ ၁ စိတ်
- ပန်းဂေါ်ဖီစိမ်း ၁ စိတ်
- ပဲစီမ်း ၁ ထုပ်
- ဆီ ထမင်စားဇွန်း ၂ ဇွန်း
- နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း ၁ ဝက်
- ချင်း လက် ၂ ဆစ်
- ငရုတ်ပွနီ ၁ ခု
- ပုစွန်ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ခနော်ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
- ကြက်ပြုတ်ရည် ထမင်စားဇွန်း ၂ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ထည့်ကြော်မယ့် အသီးအနှံတွေကို ရေဆေးပြီး နှစ်သက်သလို လှီးဖြတ်ထားပါ။
-
ချင်းနဲ့ ငရုတ်ပွအရှည်ကိုတော့ အမြှောင်းလေးတွေ အရှည်လိုက် လှီးထားပေးပါနော်။
-
ဒယ်အိုးကို ဆီထည့်ပြီးအပူပေးပါ။ ဆီပူလာပြီဆိုရင်တော့ ဂျင်းထည့်ပြီး ကြော်ပါ။ ဂျင်းမွှေးလာရင်တော့ အသီးအရွက်များ ထည့်ပြီး ၂ မိနစ်လောက်ထပ်တည်ပါ။ ပြီးရင်တော့ ကျန်ပါဝင်ပစ္စည်းများ ထပ်ထည့်ပြီး မွှေပေးပါ။
-
အသီးအရွက်များ နူးလာပြီဆိုရင်တော့ အရသာမြည်းပြီး လိုသလိုထပ်ဖြည့်ပါ။
-
ပြီးသွားရင်တော့ အရသာရှိတဲ့ ရာသီပေါ်အသီးအရွက်ကြော် ပူပူလေးကို ထမင်းလေးနဲ့ သုံးဆောင်လို့ရပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent