
လူတိုင်းအကြိုက်တွေ့သွားစေမယ့် ပန်းဂေါ်ဖီစိမ်းနဲ့ ပန်းဂေါ်ဖီအဖြူခရမ်းချဥ်သီးနှပ်
30 မိနစ်
3 ဦးစာ
လွယ်သော
အရသာလဲရှိ ကျန်းမာရေးနဲ့လဲညီညွတ်တဲ့ ပန်းဂေါ်ဖီစိမ်းနဲ့ ပန်းဂေါ်ဖီအဖြူ ခရမ်းချဥ်သီးနှပ်ဟင်း လုပ်နည်းလေး တင်ပေးလိုက်ပါတယ်နော်။ လုပ်ရတာလဲ လွယ်ကူတဲ့အတွက် ကြောင့် ဟင်းချက်ဖို့ အချိန်မရတဲ့သူများအတွက် လုံးဝကိုအဆင်ပြေသွားစေမှာ အသေအချာပါပဲ။
ပါဝင်ပစ္စည်းများ
- ပန်းဂေါ်ဖီအစိမ်း ၁ ပွင့်
- ပန်းဂေါ်ဖီအဖြူ ၁ ပွင့်
- ခရမ်းချဉ်သီး ၅ လုံး
- နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဝက်
- ကြက်သွန်ဖြူ ၃ လုံး
- ခနော်ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်းခွဲ
- ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဝက်
- ချင်း လက် ၁ ဆစ်
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပန်းဂေါ်ဖီအစိမ်းနှင့်အဖြူကို အနေတော်အရွယ်လှီးပြီး သန့်စင်အောင် ရေဆေးထားပါ။
-
ကြက်သွန်ဖြူ၊ဂျင်း၊ခရမ်းချဉ်သီးကို ငံပြာရည်ထည့်၍ဆီသတ်ပေးပါ။ အနံ့မွှေးလာပြီဆိုရင် ပန်းဂေါ်ဖီဖြူ ထည့်ပါ၊ ဂေါ်ဖီနွမ်းလာရင်တော့ ပန်းဂေါ်ဖီစိမ်းနဲ့ နှမ်းဆီထည့်ပြီး နှံ့အောင်မွှေပေးပါ။ ကျန်ပါဝင် ပစ္စည်းများအားလုံးထည့်ပြီး မွှေပေးပါ။
-
၅-၇ မိနစ်လောက် ကြာအောင်တည်ပြီး ဆားမြည်းပါ။ လိုအပ်ရင် ခနောကြက်သားမှုန့် ထပ်ထည့်နိုင်ပါတယ်။
-
အားလုံးပြီးသွားရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပန်းဂေါ်ဖီစိမ်းနဲ့ ပန်းဂေါ်ဖီအဖြူ ခရမ်းချဉ်သီးနှပ်ဟင်းလေးရပါပြီနော်။ ထမင်းပူပူလေးနဲ့ စားလိုက်ရင် အရသာရှိတဲ့ နေ့လည်စာတစ်နပ် ဖြစ်စေမှာ အသေအချာပါပဲ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent