
လူတိုင်းကြိုက်တဲ့ ဆိတ်သားခြောက်စပ်
30 မိနစ်
3 ဦးစာ
အလယ်အလတ်
ထမင်းလေးနဲ့ပဲ ဖြစ်ဖြစ်၊ မိသားစု သူငယ်ချင်းတွေနဲ့ အပျင်းပြေစားချင်ရင်ပဲ ဖြစ်ဖြစ် လုပ်စားလို့ရအောင် ဆိတ်သားခြောက်စပ် လုပ်နည်းလေး ပြောပြပေးလိုက်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
- ဆိတ်မိုးခိုသား ၅၀ ကျပ်သား
- ဒိန်ချဉ် ထမင်းစားဇွန်း ၃ ဇွန်း
- ကြက်သွန်နီ ၂ လုံး
- ကြက်သွန်ဖြူ ၁၀ မွှာ
- ချင်း ၅ ကျပ်သား
- စပါးလင် ၂ ပင်
- ငရုတ်သီးခြောက် ၃ တောင့်
- ငရုတ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ဆား လက်ဖက်စားဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- ပျဉ်တော်သိမ်းရွက် ၃၀ ရွက်
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
- ဇီယာမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- လေးညှင်းပွင့် ၃ ပွင့်
- ဖာလာစေ့ ၃ စေ့
- နာနတ်ပွင့် ၃ ပွင့်
- ဟင်းသီးဟင်းရွက်ဆီ ၅၀ ကျပ်သား
- ငါးငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
- နံနံပင် အနည်းငယ်
- ဆလပ်ရွက် အနည်းငယ်
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ဆိတ်မိုးခိုသားကို ရေဆေးသန့်စင်ပြီး စပါးလင်၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်၊ ခနောကြက်သားမှုန့်၊ နနွင်းမှုန့်၊ နံနံပင်တို့ထည့်ပြီး နူးနေအောင် ပြုတ်ပေးပါ။
-
ဆိတ်မိုးခိုသားတွေ နူးလာပြီဆိုရင်တော့ အအေးခံကာ အမျှင်လေးတွေဖြစ်အောင် နွှာပြီး ဒိန်ချဉ်၊ ဇီယာမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ခနောကြက်သားမှုန့်တို့နဲ့ နှံ့အောာင်နယ်ပြီး မိနစ် (၂၀)ခန့် နှပ်ထားပါ။
-
ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ချင်းကို ပါးပါးလှီးပြီး ဆီများများနဲ့ ကြွတ်ရွနေအောင် ကြော်ပေးထားပါနော်။
-
အယ်အိုးထဲမှာ ဟင်းသီးဟင်းရွက်ဆီကို အပူပေးပြီး အရသာသွင်းထားတဲ့ ဆိတ်မိုးခိုသားအမျှင်လေးတွေကို အကြွတ်ကြော်ပေးပြီး ဆယ်ထားပါ။
-
နောက်ဆုံးအဆင့်အနေနဲ့ ဒယ်အိုးထဲမှာ ဆီပူပေးပြီး ပျဉ်တော်သိမ်းရွက်နဲ့ ငရုတ်သီးခွဲခြမ်းတွေကို ငါးငံပြာရည်အနည်းငယ်ထည့်ပြီး ဆီသတ်ပေးပါ။
-
ပြီးရင်တော့ စောနကကြော်ထားတဲ့ ဆိတ်သားမျှင်နဲ့ ကြက်သွန်ကြော်တွေ ထည့်ကြော်လိုက်ရင်တော့ အရမ်းအရသာရှိတဲ့ ဆိတ်သားခြောက်စပ်လေး ရပြီဖြစ်ပါတယ်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent