
လူကြီးတွေအကြိုက် ခွေးတောက်ရွက်ဟင်းချိုချက်နည်း
20 မိနစ်
3 ဦးစာ
လွယ်သော
ခွေးတောက်ရွက်ကဆေးဖက်ဝင်အရွက်ဖြစ်သလိုခါးသက်သက်အရသာလေးနဲ့တစ်မျိုးအရသာထူးပါတယ်။ သူ့ကိုပါးပါးလှီးပြီး ကြက်ဥ၊ ဘဲဥနဲ့ကြော်စားကြသလို ဟင်းချိုအဖြစ်လည်းချက်သောက်လေ့ရှိပါတယ်။ ကြက်ရိုးရဲ့အချိုဓာတ်ယူပြီးချက်တဲ့ ခွေးတောက်ရွက်ကြက်ရိုးဟင်းချိုကတော့ ဝမ်းတွင်းအဆိပ်အတောက်တွေကိုပြေစေတဲ့အစွမ်းရှိပြီး အရက်၊ဘီယာကြောင့် ခေါင်းကိုက်နေတာ၊ ခေါင်းအုံနေတာတွေကိုလည်း အမြန်ဆုံးသက်သာစေပါတယ်။
ပါဝင်ပစ္စည်းများ
- ခွေးတောက်ရွက် ၁ စည်း
- ကြက်ရိုး ၂၀၀ ဂရမ် (ရေဆေးသန့်စင်ကာ ခနောကြက်သားမှုန့်၊ချင်းအရည်ညှစ်ကာနယ်ထားပါ)
- ချင်း ၃ စင်တီမီတာ (ညက်အောင်ထောင်းပြီး အရည်ကိုကြက်သားနယ်ရန်သုံးပေးပါ)
- ကြက်သွန်ဖြူ ၃ မြွှာ (ညက်အောင် ထောင်းထားပါ)
- ဆီ ထမင်းစားဇွန်း ၁ ဇွန်း
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း (တစ်ဝက်ကိုကြက်ရိုးနယ်ရန်သုံးပါ)
- ရေ ၉၀၀ မီလီလီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
အိုးထဲကို ကြက်ရိုး၊ ကြက်သွန်ဖြူ၊ နနွင်း၊ ဆီတို့ထည့်ကာ အနံ့မွှေးလာစေဖို့ ၂ မိနစ်ခန့်မွှေပေးပါ။
-
ပြီးရင်တော့ ရေထည့်ပါ။ ရေပွက်ပွက်ဆူလာချိန်မှာ ခနောကြက်သားမှုန့် ထည့်ပေးပါ။
-
ဟင်းရည်ပွက်ပွက်ဆူပြီး ကြက်ရိုးတွေနူးလာပြီဆိုရင် ခွေးတောက်ရွက်ထည့်လိုက်ပါ။
-
ခွေးတောက်ရွက်လေးပျော့သွားပြီး ခါးသက်သက်အရသာလေးရရှိပြီဆိုရင်တော့ ပန်းကန်ထဲ ခူးထည့်ကာ သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။
-
ခွေးတောက်ရွက်ကြက်ရိုးဟင်းချိုလေးက ကျန်းမာရေးအတွက်ကောင်းသလို ငွေကုန်ကြေးကျမများဘဲ မြန်မြန်ဆန်ဆန်ချက်ပြုတ်နိုင်တဲ့ ဟင်းတစ်ခွက်ဖြစ်တာမို့ မဖြစ်မနေချက်စားကြည့်သင့်ပါတယ်နော်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent