
လိုက်ဖက်လှတဲ့ ဝက်ဆီဖတ်ကိုက်လန်ကြော
10 မိနစ်
2 ဦးစာ
လွယ်သော
ဝက်ဆီဖတ်ဆိုတာမျိုးက ကြွပ်ကြွပ်အိအိ အဆီအနှစ်အပြည့်နဲ့အရသာအရှိဆုံးဖြစ်သလို ကိုက်လန်ဆိုတာလည်း စားလိုက်တာနဲ့ အရသာရော အနံ့ရောမွှေးနေတာဆိုတော့ ဝက်ဆီဖတ်နဲ့ ကိုက်လန်အရောကြော်ဆိုတာ မြန်မာတွေအကြိုက်ဆုံး ဟင်းထဲမှာ ပါပါတယ်။ အိမ်မှာ ထမင်းမြိန်မြိန်စားဖို့ အရသာရှိရှိလေး ကြော်ချင်တယ်ဆိုရင်တော့ ဒီနည်းလေးအတိုင်း လိုက်ကြော်ကြည့်ပါဦး။
ပါဝင်ပစ္စည်းများ
- ဝက်ဆီဖတ် ၁၀ ကျပ်သား
- ကိုက်လန် ၂ စည်း
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူ ၃ မြွှာ (ထောင်းထားပါ)
- ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆီ ၅ ကျပ်သား
- ငရုတ်သီးအနီ ၂ တောင့် (လှီးထားပါ)
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဦးဆုံး ကိုက်လန်ကို ခြွေပြီး ရေအေးအေးမှာ ဆားထည့်ပြီး ဆေးထားပါ။
-
မီးဖိုပေါ် ဆီပူပေးပြီး ကြက်သွန်ဖြူထည့်မွှေပြီးတာနဲ့ ကိုက်လန်ထည့်ပါ။
-
ခနော ကြက်သားမှုန့်နဲ့ ခရုဆီထည့်မွှေပါ။
-
ကိုက်လန်တွေ အစိမ်းရင့်ရောင်ဖြစ်လာတာနဲ့ ဝက်ဆီဖတ်နဲ့ ငရုတ်သီးတောင့်တွေထည့်ပြီး မွှေပါ။
-
ဝက်ဆီဖတ် မအိတအိအခြေအနေလေး ဖြစ်တဲ့အချိန် ၄မိနစ်ခန့်မှာ အိုးပေါ်က ချပြီး ပန်းကန်ထဲတည်ခင်းပါမယ်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent