
လတ်လတ်ဆတ်ဆတ်အရသာရှိတဲ့ ပုစွန်အစိမ်းသုပ်လေးလုပ်စားကြရအောင်
10 မိနစ်
2 ဦးစာ
လွယ်သော
ပုစွန်အစိမ်းသုပ်ဆိုတာ တကယ်တော့ သုပ်ရတာလည်းလွယ်၊ချဉ်ချဉ်စပ်စပ်လေးနဲ့ခံတွင်းကလည်းမြိန်တယ် ပါးစပ်ပျက်နေတဲ့အချိန်များ သုပ်စားလိုက်ရင် လူပါချွေးလေးစို့ပြီးစားလို့အရသာရှိတဲ့အသုပ်မျိုးဆိုတော့ဒီတစ်ပတ်ကို ကျွန်တော်က သံပုရာငရုတ်သီးချဉ်စပ်လေးနဲ့ရှယ်သွားရည်ကျမယ့်ပုစွန်အစိမ်းသုပ်နည်းလေးတင်ပြပါဦးမယ်။လုပ်နည်းကတော့လွယ်သလားမမေးနဲ့။
ပါဝင်ပစ္စည်းများ
- ပုစွန်ထုပ် ၂၀ ကျပ်သား
- သံပုရာသီး ၄ လုံး (စိတ်ထားပါ)
- ငံပြာရည် ထမင်းစားဇွန်း တစ်ဝက်
- ခနောကြက်သားမှုန့် လဘက်ရည်ဇွန်း တစ်ဝက်
- ရှောက်ရွက် ၁၀ ရွက် (ပါးပါးလှီးထားပါ)
- အနီရောင်ငရုတ်သီးစိမ်းထောင်းထားပြီးသား ထမင်းစားဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူထောင်းထားပြီးသား ထမင်းစားဇွန်း ၁ ဇွန်း
- သကြား ထမင်းစားဇွန်း တစ်ဝက်
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဆုံးပုစွန်လေးတွေကိုအခွံခွာ၊ကျောဘက်ကချေး(ဂျီး)ကြောင်းထုတ်၊အောက်ခြေအမြှီးလေးပဲကျန်အောင်ထားပြီးရေတစ်ထပ်ဆေးလိုက်ပါ။
-
ပြီးတာနဲ့သံပရာသီး၂လုံးကိုပုစွန်ထုပ်လေးတွေပေါ်နှံ့အောင် ညှစ်ချပြီး၅မိနစ်ခန့်နှပ်ထားပေးပါ။ဒါမှ ညှီနံ့ကင်းမှာပါ။
-
အဲ့ဒီအချိန်သုပ်ဖို့ဆော့အတွက်ပြင်ဆင်ရပြီလေ။ ပန်းကန်တစ်လုံးထဲမှာကြက်သွန်ဖြူ၊ငရုတ်သီးတောင့်ကြိတ်ထားတဲ့အဖတ်တွေထဲငံပြာရည်၊ခနောအသားမှုန့်၊သကြား၊ပါးပါးလှီးထားတဲ့ရှောက်ရွက်တို့ကိုထည့်ပြီးမွှေပေးပါ။အဲ့ဒီအပေါ်ကမှသံပုရာသီးကျန်တဲ့၂လုံးကိုညှစ်ပေးပါ။
-
နောက်ဆုံးနှပ်ထားတဲ့ပုစွန်အစိမ်းထဲကအိုင်နေတဲ့အချဉ်ရည်တွေကိုဖယ်ထုတ်ပြီးပုစွန်အသားချည်းကျန်ခဲ့တဲ့အထဲကိုဒီအနှစ်လေးတွေထည့်ပြီးနယ်လိုက်ရင်တော်တော်လေးကိုအရသာရှိတဲ့ချဉ်ငံစပ်ပုစွန်အစိမ်းသုပ်လေးရသွားပါပြီလို့။
-
ပန်းကန်ပြားလေးထဲဖန်ခွက်လေးတွေနဲ့အလှဆင်ပြီးကြိုက်သလိုသုံးဆောင်လို့ရပါပြီဗျို့။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent