
ရှူးရှူးရှဲရှဲအပ်မှိုချဥ်ငန်စပ်သုပ်လေး သုပ်စားကြမလား
10 မိနစ်
2 ဦးစာ
လွယ်သော
အပ်မှိုကို တော်တော်များများက ကင်စားတာ၊ကြော်စားတာ၊ ဟော့ပေါ့ထဲထည့်စားတာတွေ၊BBQ အနေနဲ့ကင်စားတာတွေထိ လူတိုင်းစားဖူးနေကြပါပဲ။ ဒါပေမယ့် ချဉ်ချဉ်ငန်ငန်စပ်စပ်လေးနဲ့ ထိုင်းအရသာဆန်ဆန်သုပ်စားကြည့်တဲ့အခါမှာလည်း အရမ်းအရသာရှိနေပါသေးတယ်။ သုပ်နည်း အဆင့်ဆင့်ကိုတော့ ဆက်ဖတ်ကြည့်ကြအောင်နော်။
ပါဝင်ပစ္စည်းများ
- အပ်မှို တစ်ထုပ်
- ကြက်သွန်နီ ၂ လုံး (ပါးပါးလှီးထားပါ)
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သံပုရာသီး တစ်ခြမ်း
- ငရုတ်သီးစိမ်း ၇ တောင့် (ထောင်းထားပါ)
- ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- အုန်းသကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငါးပိထောင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ခရမ်းချဥ်သီး ၁ လုံး (ပါးပါးလှီးထားပါ)
- ပုစွန်ခြောက်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- နံနံပင် ၃ ပင်
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဆုံးအပ်မှိုကို အရင်းနည်းနည်းဖြတ်ပြီး ရေနွေးဆူဆူထဲ တစ်မိနစ်ခန့်ပြုတ်ထားပါ။
-
ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးပါးပါးလှီးထားပြီး အပ်မှိုထဲ ထည့်ပါ။
-
ပြီးတာနဲ့ အုန်းသကြား၊ငါးပိထောင်း ငံပြာရည်၊ ငရုတ်သီးစိမ်း၊ ခနောကြက်သားမှုန့်နဲ့ သံပုရာသီးညှစ်ထည့်ပါ။
-
ပုစွန်ခြောက်မှုန့်ထည့်ပြီး သမအောင် ဖွဖွလေးနယ်ပါ။
-
နောက်ဆုံးမှ နယ်ထားပြီးတဲ့ အပ်မှိုသုပ်ကို နံနံပင်လေးအုပ်ပြီး ရှုးရှုးရှဲရှဲ စားလို့ရပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent