
မြိုင်မြိုင်ဆိုင်ဆိုင် မိသားစုသီးစုံဟင်း
30 မိနစ်
5 ဦးစာ
အလယ်အလတ်
နာမည်လေးအတိုင်း မိသားစုတွေ အရသာရှိရှိ အဝစားနိုင်မယ့် မိသားစုသီးစုံဟင်းချက်နည်းလေးကို ပြောပြပေးသွာမှာပဲ ဖြစ်ပါတယ်။ အားလုံးကြိုက်တဲ့ ကြက်သားလေးအပြင် အသီးအရွက်အစုံအလင်ထည့်ချက်ထားတာမို့ သာမာန်ဟင်းတွေထက် အရသာပိုရှိပြီး ထမင်းမြိန်စေမှာပါနော်...
ပါဝင်ပစ္စည်းများ
- အုန်းနို့ ထမင်းစားဇွန်း ၂ ဇွန်း
- ကြက်သွန်နီ ၂ လုံး
- ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ပန်းဂေါ်ဖီ ၁ တစ်စိတ်စာ
- ပန်းဂေါ်ဖီစိမ်း ၁ စိတ်
- အာလူး ၁ လုံး
- ပဲသီးရှည် ၁ စည်း
- ငရုတ်ပွအနီ ၁ ခြမ်း
- ပြောင်းဖူးအသေး ၅ ခု
- ပင်စိမ်း ၃ ပင်
- မုန်လာဥနီ ၁ ဥ
- ရုံးပတီသီး ၅ တောင့်
- ဖရုံသခွား ၁ လုံး
- သရက်သီးခြောက် ၅ ကျပ်သား
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်းခွဲ
- ကြက်သွန်ဖြူ ၃ မွှာ
- ကြက်သွန်နီ ၃ လုံး
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- အရောင်တင်မှုန့် လက်ဖက်စားဇွန်း ၂ ဇွန်းခွဲ
- ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ငံပြာရည် လက်ဖက်စားဇွန်း ၂ ဇွန်း
- ဆား အနည်းငယ်
- ချင်း လက် ၁ ဆစ်
- ငရုတ်သီးစိမ်း ၈ တောင့်
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ကြက်သားတုံးလေးတွေကို ခနောကြက်သားမှုန့်၊ နနွင်းမှုန့်တို့နဲ့ နယ်ကာ နှပ်ထားပေးပါ။
-
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာရင်တော့ ဟင်းအနှစ်လုပ်ဖို့အတွက် ငံပြာရည်နဲ့ ငရုတ်သီးစိမ်းကလွဲလို့ ကျန်ပါဝင်ပစ္စည်းတွေကိုထည့်ပြီး ဆီသတ်ပေးပါ။
-
ကြက်သွန်လေးတွေ နွမ်းပြီး ဆီသတ်နံ့လေးမွှေးလာရင်တော့ ငံပြာရည်နဲ့ ုငရုတ်သီးစိမ်းထည့်ပြီး နှံ့အောင်မွှေပေးပါနော်။
-
ပြီးရင်တော့ ကြက်သားတုံးလေးတွေထည့်ပြီး နှံ့အောင်မွှေကာ ချက်ပေးပါ။
-
ကြက်သားတုံးလေးတွေကို ရေမြုပ်တောင်ထည့်ပြီး အဖုံးအုပ်ထားပါ။ ရေဆူလာရင်တော့ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ဂေါ်ရခါးသီးများကိုထည့်ပေးပါ။
-
မိနစ်အနည်းငယ်ကြာရင်တော့ ဖယုံသခွား၊ ထောပတ်ခရမ်းသီး၊ ခရမ်းသီးအပြင် ကျန်အသီးအရွက်တွေကိုထည့်ပေးပါ။
-
၁၅ မိနစ်လောက်ကြာရင်တော့ ကျန်သော ပါဝင်ပစ္စည်းတွေထည့်ပြီး ဆူပွက်နေအောင်တည်ပေးပါနော်။
-
ရေဆူပြီး အသားလေးနဲ့ အသီးအရွက်တွေပါ နူးလာရင်တော့ အရသာအပေါ့အငန်မြည်းကြည့်ပြီး လိုအပ်ရင် ခနောကြက်သားမှုန့်ထည့်နိုင်ပါတယ်။
-
ဟင်းအိုးကျက်ခါနီးရင်တော့ နံနံပင်လေးအုပ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent