
မြန်မာ့ထမင်းဝိုင်းက ခံတွင်းမြိန်စရာ ကန်စွန်းရွက်ချဉ်ဟင်း
30 မိနစ်
3 ဦးစာ
လွယ်သော
ထမင်းစားဝိုင်းလေး ပြည့်စုံဖို့အတွက်က အရည်သောက်ဟင်းလေးတွေကလည်း အရေးကြီးတယ်နော်။ အချဉ်ရည်လေးပါရင် ခံတွင်းပိုမြိန်ပြီး ထမင်းစားပိုဝင်လေတော့ ဒီတစ်ခေါက်မှာတော့ ကန်စွန်းရွက်ချဉ်ဟင်းလေး ချက်ကြည့်ရအောင် အိမ်ရှင်မတို့ရေ...
ပါဝင်ပစ္စည်းများ
- ကန်စွန်းရွက် ၁ စည်း
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- မန်ကျည်းရည် လက်ဖက်စားဇွန်း ၁ ဇွန်းခွဲ
- နံနံပင် ၃ ပင်
- ကြက်သွန်နီ ၂ လုံး
- နနွင်းမှုန့် လက်ဖက်စားဇွန်းဝက်
- အရောင်တင်မှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ချင်း လက်တဆစ်
- ငါးပိစိမ်းစား လက်ဖက်စားဇွန်း ၁ ဇွန်း
- ငံပြာရည် လက်ဖက်စားဇွန်း ၁ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ကန်စွန်းရွက်လေးတွေကို အနေတော်ဖြတ်ထားပေးပါ။
-
နံနံပင်လေးတွေကို ခပ်ကြမ်းကြမ်းလှီးထားပြီး ငရုတ်သီးစိမ်းလေးတွေကိုတော့ ထိပ်လေးတွေ ဖြတ်ထားပေးပါ။
-
ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ချင်းလေးတွေကိုတော့ ထောင်းထားပေးပါနော်။
-
ဒယ်အိုးထဲမှာ ဆီအနည်းငယ်တွေထည့်ပြီး ဆီပူလာတဲ့အခါ ဟင်းအနှစ်လုပ်ဖို့ ပါဝင်ပစ္စည်းတွေကို ဆီသတ်ပေးပါနော်။
-
ဆီသတ်နံ့လေးမွှေးလာရင်တော့ ရေတစ်ခွက်ခန့်ထည့်ပြီး ဆူလာတဲ့အခါ ကျန်ပါဝင်ပစ္စည်းတွေကို ထပ်ထည့်ပါ။
-
ကန်စွန်းရွက်ချဉ်ဟင်းလေး ကျက်ခါစပြုလာပြီဆိုရင်တော့ အရသာအပေါ့အငန်မြည်းကြည့်ပြီး လိုအပ်ရင် ခနောကြက်သားမှုန့်ထည့်ပေးပါနော်။
-
အိုးချခါနီးရင်တော့ ငရုတ်သီးစိမ်းနဲ့ နံနံပင်လေးအုပ်ပြီး မြိန်ရည်လျက်ရည် သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent