မိုးအေးအေးနဲ့ လိုက်ဖက်လှတဲ့ ကြက်ခြေထောက်ချဥ်စပ်ဟင်းရည်

မိုးအေးအေးနဲ့ လိုက်ဖက်လှတဲ့ ကြက်ခြေထောက်ချဥ်စပ်ဟင်းရည်

50 မိနစ်

3 ဦးစာ

အလယ်အလတ်

ကြက်ခြေထောက်ချဥ်စပ်ဟင်းရည်မှာ ပါဝင်တဲ့ ကြက်ခြေထောက်မှာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်အခုလို မိုးလေးဖွဲဖွဲကျနေတဲ့အချိန်မှာ မိသားစုအတွက် စီစဥ်ရလည်း လွယ်ကူ၊ အရသာလည်းရှိ၊ ထမင်းလည်းမြိန်စေမယ့် ဟင်းရည်ပူပူလေးတစ်ခွက်ကတော့ ကြက်ခြေထောက်ချဥ်စပ်ဟင်းရည်ပါပဲ။ ချက်ပြုတ်ရတာလည်း လွယ်ကူတဲ့ ကြက်ခြေထောက်ချဥ်စပ်ဟင်းရည်မှာ ပါဝင်တဲ့ ကြက်ခြေထောက်မှာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ ဖောလိတ်နဲ့ မုန်ညင်းမှာတော့ ဗီတာမင်စီတွေ ပါဝင်တဲ့အတွက် ကိုယ်ခံစွမ်းအားကောင်းစေဖို့ပါ အထောက်အကူပြုပေးမှာ ဖြစ်ပါတယ်။ *ဤဆောင်းပါးပါ အာဟာရဆိုင်ရာ အချက်အလက်များသည် ဒေါက်တာဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု)၏ အကြံပြုချက်အရ ရေးသားဖော်ပြထားပါသည်။*

ပါဝင်ပစ္စည်းများ

  • ကြက်ခြေထောက် ၆ ချောင်း (ဆေးကြောပြီး ခြေချောင်းတွေနဲ့ ဒူးရိုးသက်သက်ဖြစ်အောင် နှစ်ပိုင်းပိုင်းထားပါ)
  • မုန်ညင်းဖြူ ၁၅၀ ဂရမ် (အနေတော်အရွယ်လေးတွေ လှီးထားပါ)
  • စပါးလင် ၂ ချောင်း (အောက်ခြေ ၄ လက်မခန့်ကို ယူပြီး ဓားပြားရိုက်ထားပါ)
  • ချင်း ၃ ပြား (ပါးပါးလှီးထားသော)
  • ရှောက်ရွက် ၄ ရွက်
  • ကြက်သွန်ဖြူ ၄ မြွှာ
  • ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရုဆီ လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ငရုတ်သီးအစိမ်း ၃ တောင့် (မညက်တညက်ထောင်းထားပါ)
  • ငရုတ်သီးအနီ ၃ တောင့် (မညက်တညက်ထောင်းထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (ခပ်သေးသေးလှီးထားပါ)
  • နံနံပင် ၅ ပင်
  • ရေ ၀.၅ လီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အိုးကို မီးအေးအေးနဲ့ အပူပေးထားပါ။ သန့်စင်ထားတဲ့ ကြက်ခြေထောက်တွေကို အိုးထဲ ထည့်ပြီး စပါးလင်၊ ချင်း၊ ရှောက်ရွက်၊ ကြက်သွန်ဖြူနဲ့ ဆားတို့ ထည့်ကာ ရေကို ကြက်ခြေထောက်မြုပ်တဲ့အထိ ထည့်ပါ။

  2. မီးအေးအေးနဲ့ မိနစ် ၃၀လောက်တည်ထားပေးပါ။

  3. ပြီးရင် မုန်ညင်းဖြူ၊ ခနောကြက်သားမှုန့်၊ ပဲငံပြာရည်အကြည်နဲ့ ခရုဆီထည့်ပြီးတော့ နောက်ထပ် မိနစ် ၂၀ လောက် ဆက်တည်ထားပါ။

  4. ထောင်းထားတဲ့ ငရုတ်သီးကို ထည့်ပြီး အပေါ်က ကြက်သွန်မြိတ်နဲ့ နံနံပင်အုပ်ပြီးရင် မီးပိတ်လိုက်ပါ။

  5. ပြီးရင်တော့ သံပုရာသီးနှစ်စိတ်ခန့်ကို ညှစ်ထည့်ပြီး ကြက်ခြေထောက်ချဥ်စပ်ဟင်းရည်ကို ပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent