မိုးတွင်းမှာ စားချင်စရာ ချဥ်စပ်ကြက်သားသုပ်နည်း

မိုးတွင်းမှာ စားချင်စရာ ချဥ်စပ်ကြက်သားသုပ်နည်း

30 မိနစ်

2 ဦးစာ

လွယ်သော

ဒီနေ့အမေ ဈေးထဲက ကြက်သားဝယ်လာပြန်ပြီ။တစ်နေ့တစ်နေ့ချက်လိုက်ကြော်လိုက်နဲ့ ဒီသံသရာထဲပဲလည်နေတာကြာတော့ ကြက်ဆိုအသံတောင်မကြားချင်တော့အောင် စိတ်ညစ်နေပြီလေ။အမေကတော့စားချင်သလို ချက်စားပြောတာပဲ။အဲ့ဒီတော့ရှိတာလေးနဲ့ အရသာရှိရှိ ထမင်းမြိန်အောင်ချဉ်ချဉ်စပ်စပ်နဲ့မွှေးနေမယ့် ကြက်သားသုပ်နည်းလေးပြောပြပါရစေခင်ဗျ။

ပါဝင်ပစ္စည်းများ

  • ကြက်သားရင်အုံနဲ့ ပေါင် ၂၀ ကျပ်သား
  • ကြက်သွန်ဖြူ ၂ မွှာ (ထောင်းထားပါ)
  • ကြက်သွန်နီ ၄ လုံး (၂ လုံးကို အတုံးလိုက်လှီးထားပြီး ၂ လုံးကို ပါးပါးလှီးထားပါ)
  • ချင်း တစ်လက်မ (ထောင်းပြီး အရည်ယူထားပါ)
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၂ ဇွန်း
  • ခနောတုန်ယမ်းခဲ တစ်ခဲရဲ့၃ပုံ၁ပုံ
  • ငရုတ်သီးစိမ်းတောင့် ၅ တောင့် (ပါးပါးလှီးထားပါ)
  • ရှောက်ရွက် ၅ ရွက် (ပါးပါးလှီးထားပါ)
  • သံပုရာသီး တစ်လုံး (ပါးပါးလှီးထားပါ)
  • ဆီ ထမင်းစားဇွန်း ၃ ဇွန်း
  • နနွင်း လဘက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်နီဆီချက် ထမင်းစားဇွန်း ၁ ဇွန်း
  • ရေ ၁၀၀ မီလီလီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ပထမဆုံးကြက်သားကိုရေဆေး၊ အနေတော်အတုံးတွေလှီး ၊ ခနောကြက်သားမှုန့်တစ်ဇွန်းနဲ့ နယ်ပြီး ကြက်သွန်ဖြူ၊ချင်းထောင်းရည်နဲ့ (၇)မိနစ်လောက် နှပ်ထားပေးပါ။

  2. ဆီကိုအိုးထဲထည့်ပြီးမီးအလယ်လတ်ပေးထားတဲ့ဆီပူထဲကို လှီးထားတဲ့ ကြက်သွန်နီ ၂လုံးထည့်၊ နနွင်းမှုန့်ထည့်ပါ။ပြီးတာနဲ့နှပ်ထားတဲ့ကြက်သားထည့်ပြီး ရေ ၁၀၀ မီလီလီတာ ထည့်ကာ ရေခန်းအောင် တည်ထားပေးပါ။

  3. အိုးထဲကကြက်သားကအဝါရောင်သမ်းပြီးဆီခမ်းကာနူးအိသွားပြီဆိုတာနဲ့အပြင်ခွံလေးပါလိမ္မော်ရောင်သမ်းအောင်အိုးပူလှိမ့်ပြီးမှ အိုးမှ ချပြီး အအေးခံထားပါ၊ အေးရင် အသားနွှင်ပေးပါ။

  4. ကြက်သားထဲကိုဆီချက်တစ်ဇွန်း၊ခနောကြက်သားမှုန့်နောက်တစ်ဇွန်းထည့်၊သံပုရာသီးညှစ်၊ကြက်သွန်နီ၂မွှာပါးပါးလှီးထည့်၊ လှီးထားတဲ့ ငရုတ်သီးစိမ်းနဲ့ရှောက်ရွက်တို့ထည့်ပြီးနောက်ဆုံးမှခနောတုန်ယမ်းခဲမှုန့် အပေါ်က ဖြူးပေးပါ။

  5. ပြီးတာနဲ့ နှံ့အောင်နယ်ပြီးတုန်ယမ်းနံ့သင်းနေတဲ့ကြက်သားချဉ်စပ်သုပ်လေးကိုထမင်းပူပူလေးနဲ့များနယ်စားလိုက်ရရင်ဆွေမျိုးမေ့သွားတော့မှာအသေအချာပါပဲဗျို့။ကျွန်တော် သုပ်တဲ့နည်းနဲ့မတူတဲ့ ကြက်သားသုပ်နည်းတွေ ရှိရင်လည်း မျှဝေပေးခဲ့ဖို့ မမေ့နဲ့ဦးနော်။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent