ဘယ်တော့မှရိုးမသွားတဲ့ မြန်မာ့ဝက်သနီချက်

ဘယ်တော့မှရိုးမသွားတဲ့ မြန်မာ့ဝက်သနီချက်

45 မိနစ်

3 ဦးစာ

အလယ်အလတ်

ဝက်သနီချက်ဆိုတာ ဘယ်တော့ရိုးမသွားတဲ့ ဟင်းတစ်မယ်ပါ။ ဝက်သားကြိုက်သူတိုင်း မကြာခဏ ချက်စားဖြစ် ကြမယ့် ဟင်းတစ်မယ်လည်း ဖြစ်ပါတယ်။ ပုံမှန်ချက်နေကျဝက်သနီချက်ကိုပဲ အရသာရှိရှိဘယ်လိုချက်စားကြမလဲ? ကြည့်လိုက်ရအောင်နော်…

ပါဝင်ပစ္စည်းများ

  • ဝက်ပေါင်သား ၂၅ ကျပ်သား
  • ကြက်သွန်နီ ၃ လုံး
  • ကြက်သွန်ဖြူ ၅ မွှာ
  • ချင်း လက်တစ်ဆစ်
  • သကြား လက်ဖက်စားဇွန်း ၃ ဇွန်း
  • ငရုပ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
  • ခနော ကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
  • ပဲဆီသန့် ထမင်းစားဇွန်း ၃ ဇွန်း
  • ရေသန့် ၁ လီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ဝက်ပေါင်သား (ဝက်သုံးထပ်သား) ကို အနေတော်အတုံးများလှီးပြီး ခနောကြက်သားမှုန့် ၁ ဇွန်းဖြင့် ရောနယ်ပြီး အရသာသွင်းထားပါ။

  2. ကြက်သွန်နီကိုပါးပါးလှီးပြီး ကြက်သွန်ဖြူနှင့်ချင်းကို ဓါးပြားရိုက်ထားပါ။

  3. ဒယ်အိုးကိုအပူပေးပြီး သကြားထည့်ကာ သကြားပျော်အောင်ချက်ပါ။

  4. ဒယ်အိုးကိုအပူပေးပြီး သကြားထည့်ကာ သကြားပျော်အောင်ချက်ပါ။

  5. ဝက်ပေါင်သား (ဝက်သုံးထပ်သား) ညိုလာလျှင် ပဲဆီသန့်အနည်းငယ်ထည့်ချက်ပြီး ပဲဆီပူလာလျှင် အသင့် လှီးထားသော ကြက်သွန်နီထည့်ချက်ပေးပါ။

  6. ကြက်သွန်နီညိုလာလျှင် ချင်းနှင့်ကြက်သွန်ဖြူထည့်ချက်ပြီး ရေသန့်၊ ခနောကြက်သားမှုန့် ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့်တို့ထည့်ချက်ပြီး ဝက်ပေါင်သားနူးသည်အထိ မီးအေးအေးဖြင့်ချက်ထားပါ။

  7. ဝက်သားနူးလျှင် အရသာအပေါ့အငန်မြည်းကြည့်ပြီး ခနောကြက်သားမှုန့် လိုအပ်ပါက ထပ်ထည့်ပါ။

  8. အရသာလည်းအဆင်ပြေသွားပြီဆိုရင်တော့ ဘယ်တော့မှမရိုးနိုင်တဲ့ ဝက်သနီချက်ဟင်းတစ်မယ်ကို အရသာရှိစွာ စားသုံးနိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent