
ဗီတာမင် C ကြွယ်၀ပြီး အရသာရှိတဲ့ ငါးဒန့်သလွန်သီး ချဥ်ရည်ဟင်းချက်နည်း
35 မိနစ်
4 ဦးစာ
အလယ်အလတ်
How to Cook ပရိသတ်ကြီးရေ။ မိသားစုအတွက် အာဟာရပြည့်၀ပြီး ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ကို မိတ်ဆက်ပေးချင်ပါတယ်။ မိသားစုကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး ဗီတာမင် C ကြွယ်၀စွာပါ၀င်တဲ့ ငါးဒန့်သလွန်သီးချဥ်ရည်ဟင်းလေးပါပဲ။ ချဥ်ရည်ဟင်းအရသာလေးက အအီပြေပြီး ထမင်းစားမြိန်စေပါတယ်။ ဗီတာမင် C ကြွယ်၀တဲ့ ငါးဒန့်သလွန်သီးချဥ်ရည်ဟင်းလေးကို အချိုးအစားညီမျှတဲ့ အချဥ်အရသာကို တစ်ဇွန်းတည်းနဲ့ ပေးစွမ်းနိုင်တဲ့ ခနောချဥ်ပြုံးပြုံး မန်ကျည်းဟင်းခတ်မှုန့်လေးနဲ့ အခုပဲ ချက်လိုက်ရအောင်။
ပါဝင်ပစ္စည်းများ
- ငါးရံ့ အကောင်သေး ၁ ကောင် ၊ သန့်စင်ပြီး တုံးထားပါ
- ဒန့်သလွန်သီး ၃ ချောင်း ၊ အနေတော်ဖြတ်ထားပါ
- ခရမ်းချဥ်သီး ၂ လုံး
- နနွင်းမှုန့် အနည်းငယ်
- ကြက်သွန်နီ ၁ လုံး
- ကြက်သွန်ဖြူ ၂ တက်
- အရောင်တင်မှုန့် အနည်းငယ်
- မျှင်ငါးပိ လက်ဖက်စားဇွန်း တစ်ဝက်
- ဆား လက်ဖက်စားဇွန်း ၄ ပုံ ၁ ပုံ
- ဟင်းခတ်မှုန့် အနည်းငယ်
- ဆီ ထမင်းစားဇွန်း ၁ ဇွန်း
- ချဥ်ပြုံးပြုံးမန်ကျည်းအရသာမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- ရေ ၁ လီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ငါးတုံးများကို ဆား နနွင်းတို့ဖြင့် နယ်ပြီး နှပ်ထားပါ။
-
ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ညက်အောင်ထောင်း၊ အရောင်တင်မှုန့်နှင့် ငါးပိစိမ်းစား ရောထည့်၊ ဆီထည့်ပြီး ငါးတုံးများနှင့် လုံးပြီးတည်ထားပါ။
-
ငါးတုံးလေးများ အသားတင်းပြီးခြောက်လာလျှင် ငါးတုံးလေးများကို ခဏ ခပ်ဖယ်ထားပြီး ဒန့်သလွန်သီးများထည့်ပြီး အရောင်ပြောင်းသည်အထိ ခဏမွှေထားပေးပါ။
-
ရေထည့်ပြီး ဆူလာလျှင် ခရမ်းချဉ်သီး၊ ဟင်းခတ်မှုန့် ထည့်ပေးပါ၊ ရေအနည်းငယ်ကျလျှင် ငါးတုံးလေးများ ခပ်ပေးပါ။
-
နောက်ဆုံးမှာ ချဉ်ပြုံးပြုံးမန်ကျည်း အရသာမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်း ထည့်မွှေကာ ရေဆူအောင်တည်ပြီး သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent