ပူပူမွှေးမွှေး ငါးနှပ်ကြာရိုးဟင်းခါးလေး

ပူပူမွှေးမွှေး ငါးနှပ်ကြာရိုးဟင်းခါးလေး

30 မိနစ်

3 ဦးစာ

အလယ်အလတ်

ငါးလည်းစားချင်တယ် ဆီပြန်ဟင်းလည်း မစားချင်တဲ့သူတွေအတွက် ငါးနှပ်ကို ကြာရိုးလေးနဲ့ ဟင်းခါးချက်နည်းလေးကို ပြောပြမယ်နော်။ ငါးနှပ်နဲ့ ကြာရိုးလေးကိုမှ ပဒဲကောရဲ့ ပူပူမွှေးမွှေးလေးကြောင့် အရသာပိုထိမိစေမှာပါ အိမ်ရှင်မတို့ရေ...

ပါဝင်ပစ္စည်းများ

  • ငါးနှပ် ၁၀ ကျပ်သား
  • ကြာရိုး ၁၀ ကျပ်သားခန့်
  • ဂုံမင်းရိုး အနည်းငယ်
  • ကြက်သွန်ဖြူ ၅ တတ်
  • ချင်း အနည်းငယ်
  • ပဒဲကော အနည်းငယ်
  • ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်စားဇွန်း ၁ ဇွန်း
  • မျှင်ငါးပိ ထမင်းစားဇွန်း ၁ ဇွန်း
  • ငရုပ်ကောင်းမှုန့် အနည်းငယ်
  • ငါးငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း
  • ရေသန့် ၁.၅ လီတာ
  • ငရုပ်သီးစိမ်း ၁၀ တောင့်
  • သံပုရာရည် ထမင်းစားဇွန်း ၁ ဇွန်း
  • နံနံပင် အနည်းငယ်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အရင်ဦးဆုံး ငါးနှပ်ကို သန့်စင်အောင်ဆေးကြောပြီး ဆား၊ ငါးငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့နဲ့ အရသာသွင်းကာ နယ်ထားပေးပါ။

  2. ကြာရိုးနဲ့ ဂုံမင်းရိုးတို့ကိုလည်း အမျှင်ထုတ်သန့်စင်ပြီး နှစ်သက်သလို လှီးဖြတ်ထားပါ။

  3. ချက်မည့်အိုးမှာ ရေထည့်ပြီး ပွက်ပွက်ဆူလာတဲ့အထိ ကျိုပေးပါ။ ရေနွေးဆူလာရင် ချင်း၊ ပဒဲကော၊ ကြက်သွန်ဖြူ၊ ငရုပ်ကောင်းမှုန့်၊ မျှင်ငါးပိ၊ ငါးငံပြာရည်၊ ဆား၊ ခနောကြက်သားမှုန့်နဲ့ ဂုံမင်းရိုးတို့ကိုထည့်ချက်ပါ။

  4. ဟင်းခါးရည်ရလာရင်တော့ အရသာသွင်းထားတဲ့ ငါးနှပ်လေးထည့်ပြီး (၁၅)မိနစ်ခန့် ချက်ပေးပါ။

  5. ငါးနှပ်လေးကျက်ခါစပြုလာရင်တော့ သန့်စင်ထားတဲ့ ကြာရိုးလေးထည့်ပြီး ငရုတ်သီးစိမ်းနဲ့ နံနံပင်လေးအုပ်လိုက်ပါ။

  6. စားခါနီးရင်တော့ သံပုရာရည်လေးညှစ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent