ပုန်းရည်ကြီးသုပ်တစ်ပွဲ ဘယ်လို စီမံမလဲ

ပုန်းရည်ကြီးသုပ်တစ်ပွဲ ဘယ်လို စီမံမလဲ

10 မိနစ်

2 ဦးစာ

လွယ်သော

ပုန်းရည်ကြီးသုပ်ဆိုတာ အထက်အညာဒေသကနေထွက်တဲ့ ပဲပိစပ်တစ်မျိုးကို အချဉ်ဖောက်ထားတာဖြစ်ပြီး မြန်မာလူမျိုးတွေ မြိန်ရေယှက်ရေသုပ်စားစား၊ချက်စားစားရတဲ့ စားမြိန်ရာ တစ်မျိုးဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ ပုန်းရည်ကြီးသုပ်ကို ပိုအရသာရှိအောင်သုပ်စားလို့ရမယ့်နည်းလေးတွေ ဝေမျှချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုန်းရည်ကြီး ၁ ထုပ်
  • ကြက်သွန်နီ ၂ လုံး
  • ပုစွန်ခြောက် ထမင်းစားဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂ စိတ်
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲဆီ ထမင်းစားဇွန်း ၃ ဇွန်း
  • ငရုတ်သီးစိမ်း ၅ တောင့်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ပထမဆုံးကြက်သွန်နီ၊ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးပါ။

  2. ပုန်းရည်ကြီးအနှစ်တွေကို ပန်းကန်တစ်ခုထဲထည့်ပြီး ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနဲ့ ပုစွန်ခြောက်လေးတွေထည့်ပါ။

  3. ခနောကြက်သားမှုန့်ထည့်ပြီး နောက်ဆုံးမှ ဆီထည့်ကာ လက်နဲ့ သေချာနယ်ပြီး သုံးဆောင်လို့ ရပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent