ပုစွန်မယော့နိစ်ကင် မွှေးမွှေးလေး

ပုစွန်မယော့နိစ်ကင် မွှေးမွှေးလေး

15 မိနစ်

2 ဦးစာ

လွယ်သော

ပွဲတွေ၊ Party တွေလုပ်တဲ့အခါကျရင် မပါမဖြစ်ကတော့ BBQ ပါပဲ၊ ဒီတိုင်းလေး စားတာဖြစ်ဖြစ်၊ပုစွန်ကို ကြော်တာချက်တာ မလုပ်ချင်တော့ရင်ဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးစားလို့အကောင်းဆုံး ပုစွန်ကင်မွှေးမွှေးလေးကို ဒီတစ်ခေါက် အရသာရှိရှိစားဖို့ နည်းလမ်းလေးပြောပြပါမယ်။

ပါဝင်ပစ္စည်းများ

  • ကျားပုစွန် ၂၀ ကျပ်သား
  • ကြက်သွန်ဖြူ ၁ မြွှာ
  • ထမင်းစားဇွန်း ၃ ဇွန်း
  • Mayonniase (မယောနိစ့်) ထမင်းစားဇွန်း ၅ ဇွန်း
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ပုစွန်ကို ကျောရိုးကနေခွဲ၊ ချေးကြောင်းထုတ်ကာသန့်စင်ပြီးတာနဲ့ ခနောကြက်သားမှုန့်လေးနဲ့နယ်ဖတ်ထားပါ။ နယ်ထားတဲ့ပုစွန်တွေကို တစ်ချောင်းစီတုတ်လေးနဲ့သီပါ။

  2. ကြက်သွန်ဖြူကို သေးသေးလေးဖြစ်တဲ့ထိ ဓါးလေးနဲ့နုပ်နုပ်စင်းပြီး ထောပတ်ရည်ထဲ ထည့်မွှေပါ

  3. ကြက်သွန်ဖြူထောပတ်ဆီကို ဘရပ်ရှ်လေးနဲ့နှစ်ပြီး ပုစွန်တစ်ကောင်ချင်းစီသုတ်ပါ။

  4. Mayonnaise အနည်းငယ်ကို ပုစွန်ကျောရိုးတလျှောက်တင်ပြီး မီးအေးအေးနဲ့ ကင်ပါ။

  5. ၅ မိနစ်ခန့်ကြာရင် ပုစွန်ကင်မွှေးမွှေးလေးတွေနဲ့ Mayonnaise အနှစ်လေးတွေရောနေပြီး အရမ်းအရသာရှိတဲ့ပုစွန်ကင်လေးတွေ စားလို့ရပါပြီ။

  6. ဒီလိုနည်းနဲ့ ပုစွန်ကို အရသာရှိရှိကိုယ်လည်းစား၊မိသားစုတွေကိုလည်း လုပ်ကျွေးလိုက်ရင် နောက်ဆို ခဏခဏပူဆာကြတော့မှာ အသေအချာပါပဲ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent