
ပုစွန်ခြောက်ခရမ်းသီးနှပ်
15 မိနစ်
2 ဦးစာ
လွယ်သော
ခရမ်းသီးကို နူးအိနေပြီး သဘာဝအချိုဓာတ်ကဲအောင် ပုစွန်ခြောက်မှုန့်နဲ့ နှပ်ထားတဲ့ ပုစွန်ခြောက်ခရမ်းသီးနှပ်ရဲ့ အရသာက လျှာပေါ်မှာ စွဲပြီး အကြိုက်တွေ့ကြမှာပါ။ ဒီလို အရသာရှိတဲ့ ပုစွန်ခြောက်ခရမ်းသီးနှပ်မှာ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးတဲ့ ဗီတာမင် B12၊ ဗီတာမင်စီနဲ့ သံဓာတ်တို့ ပါဝင်သလို တခြား ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ဖြစ်တဲ့ ပရိုတိန်း၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B3 နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်တဲ့အတွက် ရောဂါတွေကို တစ်ဖက်တလမ်းက ကာကွယ်သလိုလည်း ဖြစ်စေမှာပါ။ *ဤဆောင်းပါးပါ အာဟာရဆိုင်ရာ အချက်အလက်များသည် ဒေါက်တာဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု)၏ အကြံပြုချက်အရ ရေးသားဖော်ပြထားပါသည်။*
ပါဝင်ပစ္စည်းများ
- ခရမ်းသီး ၂ လုံး
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ပုစွန်ခြောက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ရှောက်ရွက် ၃ ရွက်
- ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဥ်းထားပါ)
- ချင်း ၁ စင်တီမီတာ (ထောင်းထားပါ)
- ငရုတ်သီးစိမ်း ၅ တောင့် (ခပ်ကြီးကြီးလှီးထားပါ)
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ခရမ်းသီးတွေကို ခနောကြက်သားမှုန့်နဲ့ နယ်ပြီး ခဏနှပ်ထားပါ။
-
ဟင်းအနှစ်ရဖို့အတွက် အိုးကို မီးအပူပေးပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ချင်းနဲ့ ငရုတ်သီးစိမ်းနဲ့ ပုစွန်ခြောက်တွေ ထည့်ကာ မွှေးပြီး ရွှေရောင်သမ်းလာသည်အထိ ဆီသတ်ပါ။
-
ဆီသတ်ပြီးပါက ခရမ်းသီးကို လောင်းထည့်ပြီး တစ်ချက်တစ်ချက်မွှေပေးပါ။ ခရမ်းသီးတွေ နူးလာပြီဆိုရင်တော့ ပုစွန်ခြောက်ခရမ်းသီးနှပ်လေး ရရှိပြီ ဖြစ်ပါတယ်။
-
ထမင်းဖြူ ဒါမှမဟုတ် ဆန်လုံးညိုနဲ့ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent