
ပုစွန်ချစ်သူတို့ အသဲစွဲ ဘုံလုံသီး ပုစွန်အစာသွပ်ချက်
30 မိနစ်
4 ဦးစာ
အလယ်အလတ်
ပုစွန်ချစ်သူတွေအတွက် နာမည်ကြားတာနဲ့ စားချင်စိတ်ဖြစ်သွားမယ့် ဘုံလုံသီး ပုစွန်အစာသွပ်ချက် လုပ်နည်းလေး ပြောပြပေးပါမယ်နော်။ လုပ်ရတာလဲ အရမ်းလွယ်ပြီး အရသာလဲရှိတဲ့ အတွက် လူတိုင်းကြိုက်ကြမယ့် ဟင်းလေး ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဘုံလုံသီး ၅၀ ကျပ်သား
- ပုစွန်စိပ် ၂၅ ကျပ်သား
- ကြက်သွန်ဖြူ ၁၀ တတ်
- ကြက်သွန်နီ ၂ လုံး
- ချင်း အနည်းငယ်
- စပါးလင် ၂ ပင်
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- မျှင်ငါးပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုပ်ကောင်းမှုန့် အနည်းငယ်
- ငါးငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
- ပဲဆီသန့် ထမင်းစားဇွန်း ၂ ဇွန်း
- ရေသန့် ၁ လီတာ
- ငရုပ်သီးစိမ်း ၁၀ တောင့်
- နံနံပင် အနည်းငယ်
ချက်ပြုတ်ပြင်ဆင်ပုံ
-
ဘုံလုံသီး ကို ၂ လက်မ ခန့်လှီးဖြတ်ကာ အစေ့ထုတ်ပြီး ရေစိမ်ထားပါ။
-
ပုစွန်စိပ် ကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုပ်သီးစိမ်း၊ ခနောကြက်သားမှုန့်၊ ငရုပ်ကောင်းမှုန့်တို့နဲ့ ကျေညက်အောင်ကြိတ်ပြီး အသင့်သန့်စင်ထားသော ဘုံလုံသီးထဲသို့ အစာသွပ်ထားပါ။
-
ဒယ်အိုးကို ပဲဆီသန့်နဲ့ အပူပေးပြီး နနွင်းမှုန့်၊ ချင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ စပါးလင်တို့ ထည့်ပြီး ဆီသတ်ပါ။
-
ဟင်းအနှစ်ဆီပြန်လာရင်တော့ အသင့်အစာသွပ်ထားတဲ့ ဘုံလုံသီးပုစွန်အစာသွပ်ကို ထည့်ပြီး အရသာအတွက် မျှင်ငါးပိ၊ ငါးငံပြာရည်နဲ့ ငရုပ်သီးစိမ်း အနည်းငယ်ထည့်ချက်ပါ။
-
ဘုံလုံသီး အနည်းငယ်ကျက်ရင် ရေသန့်ထည့်ပြီး ခနောကြက်သားမှုန့်၊ ငရုပ်ကောင်းမှုန့်၊ မျှင်ငါးပိ၊ ငါးငံပြာရည်တို့ ထပ်ဖြည့်ပြီး ဘုံလုံသီးပုစွန်အစာသွပ်နူးသည်အထိ မီးပျော့ပျော့နဲ့ ချက်ပေးပါ။
-
ဘုံလုံသီးပုစွန်အစာသွပ် နူးသွားရင်တော့ ငရုပ်သီးစိမ်းနဲ့ နံနံပင်အနည်းငယ်အုပ်ပြီး ထမင်းပူပူလေးနဲ့ စားလို့ရပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent