
ပိတ်ရက်မှာ မုန့်ဟင်းခါးကောင်းကောင်းချက်စားကြမယ်
60 မိနစ်
7 ဦးစာ
အလယ်အလတ်
ရုံးပိတ်ရက် ကျောင်းပိတ်ရက် အိမ်မှာလူစုံပြီဆို မုန့်ဟင်းခါးချက်ကျွေးဖို့ တောင်းဆိုကြတော့တာပါပဲ။ မုန့်ဟင်းခါးဆိုတာက ချက်ဖူးတာများလာပြီ ကျွမ်းကျင်လာပြီဆိုရင် ချက်ရတာမပင်ပန်းတော့ဘဲ လွယ်ကူမြန်ဆန်လာပါတယ်။ မိသားစုဝင်တွေစုံတဲ့ ပိတ်ရက်တွေမှာ မုန့်ဟင်းခါးကောင်းကောင်းလေးချက်ပြီး လက်စွမ်းပြချင်သူတွေအတွက် အစ်မက ငါးဆီသတ်နံ့မွှေးမွှေးလေးနဲ့ အရသာရှိလှတဲ့ရန်ကုန်မုန့်ဟင်းခါးချက်နည်းလေးကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- 40 ါးကြင်း သို့ ငါးခူ ၄၀ ကျပ်သား (စပါးလင်၊နနွင်းမှုန့်၊ ငံပြာရည်ဖြင့်ပြုတ်ပြီး အရိုးနွှင်ထားပါ)
- ရလာသော အရိုးများကိုထောင်းကာ ရေနွေးဆူဆူဖြင့်ရောမွှေပြီး အရည်စစ်ယူထားပါ
- 5 ကြက်သွန်နီဥကြီး ၅ ဥ (ပါးပါးလှီးပြီး ထောင်းထားပါ)
- 15 ကြက်သွန်နီဥသေး ၁၅ လုံး (အခွံနွှာရေဆေးထားပါ) (မုန့်ဟင်းခါးထဲအလုံးလိုက်ထည့်ရန်)
- 10 ကြက်သွန်ဖြူ ၁၀ မွှာ (ထောင်းထားပါ)
- 3 ချင်း ၃ လက်မ (ရေဆေးပြီး ထောင်းထားပါ)
- 3 စပါးလင် ၃ ပင် အပင်ရဲ့ အောက်ခြေနား သုံးပုံတစ်ပုံကိုယူပြီး ပါးပါးလှီးကာထောင်းထားပါ
- ကျန်အပိုင်းတွေကို ငါးပြုတ်ဖို့နဲ့ဟင်းရည်ထဲထည့်ဖို့ သုံးပါမယ်
- 1 ငှက်ပျောအူ ၁ အူ (ငှက်ပျောအူအနုနေရာများကို ပါးပါးလှီးပြီး ရေ၊ နနွင်းတို့နဲ့စိမ်ထားပေးပါ)
- 90 ဆန်လှော်မှုန့် ၉၀ ဂရမ် (ရေဖျော်ထားပါ)
- 5 ငံပြာရည် ထမင်းစားဇွန်း ၅ ဇွန်း (ငါးပြုတ်ရန်)
- 1 နနွင်းမှုန့် ထမင်းစားဇွန်း ၁ ဇွန်း ဆီသတ်ရန်နဲ့ငါးပြုတ်ရန် တစ်ဝက်စီသုံးပါ
- 2 ငရုတ်သီးအရောင်တင်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- 1 ငရုတ်ကောင်းမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- 2 ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း (တစ်ဝက်စီ သုံးပါမယ်)
- 2 ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (တစ်ဝက်စီ သုံးပါမယ်)
- 10 ကုလားပဲ ၁၀ ကျပ်သား နူးအိအောင်ပြုတ်ပြီး အဖတ်ဆယ်ကာထောင်းထားပါ။ ပဲပြုတ်ရည်များကိုသိမ်းထားပေးပါ)
- 10 ဆီ ၁၀ ကျပ်သား
- 8 ရေ ၈ ခွက် (၂၀၀၀ မီလီလီတာ)
- မုန့်ဟင်းခါးထဲ ထည့်စားရန်
- 1 မုန့်ဖတ် ၁ ပိဿာ
- 1 နံနံပင် ၁ စည်း (ရေဆေးပြီး ပါးပါးလှီးထားပါ)
- 1 ပဲသီး ၁ စည်း (ရေဆေးပြီး ပါးပါးလှီးထားပါ)
- 1 ရှောက်သီး ၁ လုံး (စိတ်ထားပါ)
- 1 ငရုတ်သီးအလှော်မှုန့် ၁ ပန်းကန် (နှစ်သက်သလို ထည့်စားနိုင်သည်)
- ယိုးဒယားငံပြာရည်အနည်းငယ် (နှစ်သက်သလို ထည့်စားနိုင်သည်)
- 1 ပဲကပ်ကြော် ၁ ထုပ်
- 5 ဘဲဥ ၅ လုံး (ပြုတ်ပြီး စိတ်ထားပါ)
- 10 ငါးဖယ်ကြော် ၁၀ ခု (ကပ်ကြေးဖြင့် ညှပ်ထားပါ)
ချက်ပြုတ်ပြင်ဆင်ပုံ
-
ဒယ်အိုးထဲကိုဆီထည့်ပြီး ဆီဆူလာရင် ကြက်သွန်ဖြူ၊ကြက်သွန်နီ၊စပါးလင်၊ချင်းတို့ထည့်ကာဆီသတ်ပါ။ ၁ မိနစ်ခန့်ကြာတဲ့အခါ နနွင်းနဲ့ငရုတ်သီးအရောင်တင်မှုန့်ထည့်မွှေပါ။ ပြီးရင် ငါးထည့်မွှေပါ။ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ဆီသတ်ပါ။ ဆားနဲ့ ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ ထည့်ပါ။
-
မုန့်ဟင်းခါးဟင်းရည်ချက်ဖို့အတွက် အိုးကြီးတစ်လုံးထဲကို ရေ၊ ငါးပြုတ်ရည်၊ ပဲပြုတ်ရည်၊ ဆီသတ်ထားသောငါး၊ စပါးလင်နှစ်ပင်တို့ထည့်ကာ မီးဖိုပေါ်တင်ပါ။ ဆန်လှော်မှုန့်နဲ့ထောင်းထားသော ပဲများထည့်ပါ။
-
ဟင်းရည်ဆူလာရင် အပေါ့အငန်ချိန်ဆပြီး ဆားနဲ့ခနောကြက်သားမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ ထည့်နိုင်ပါတယ်။ ဆန်လှော်မှုန့်တွေကောင်းကောင်းပျော်ဝင်သွားပြီဆိုရင် ငှက်ပျောအူထည့်ပါ။ ငှက်ပျောအူနူးလာတဲ့အခါ ကြက်သွန်နီဥသေးများနဲ့ ငရုတ်ကောင်းမှုန့်ထည့်ပေးလိုက်ပါ။ကြက်သွန်နီဥလေးများ နူးသွားတဲ့အခါ သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။
-
ခုဆိုရင်တော့ မွှေးပျံ့အရသာရှိလှတဲ့ မုန့်ဟင်းခါးဟင်းရည်ကိုရရှိပါပြီ။ မုန့်ဖတ်ထဲကို ဟင်းရည်လေးဆမ်းပြီး ဘဲဥ၊ ပဲကြော် ၊ ငါးဖယ်တို့နဲ့ တဝသုံးဆောင်နိုင်ပြီဖြစ်ပါတယ်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent
-
စားချင့်စဖွယ် အာဟာရစုံလင် ငရုတ်ပွသီးကြက်သားအစာသွပ်နဲ့ ခနောဆန်ပြုတ်
30 မိနစ်
2 ဦးစာ
အလယ်အလတ်
-
အာဟာရပြည့် ခနောဆန်ပြုတ်နဲ့ ကြက်တောင်ပံပေါင်းလေးချက်ကြည့်ရအောင်
60 မိနစ်
1 ဦးစာ
အလယ်အလတ်
-
ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ သီးနှံစုံ အသားလုံးဆန်ပြုတ်
13 မိနစ်
4 ဦးစာ
အလယ်အလတ်
-
အရသာရှိပြီး ဗီတာမင် B1 နှင့် ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ ကြက်ဥမဆလာဆန်ပြုတ်မွှေးမွှေးလေး
7 မိနစ်
4 ဦးစာ
အလယ်အလတ်