
ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ သီးနှံစုံ အသားလုံးဆန်ပြုတ်
20 မိနစ်
4 ဦးစာ
အလယ်အလတ်
How to Cook ပရိသတ်ကြီးရေ။ မိသားစုအတွက် နွေအကုန် မိုးအကူးမှာ လိုအပ်တဲ့ အာဟာရတွေ ဖြည့်တင်းပေးနိုင်ဖို့ ဗီတာမင် B1 နဲ့ ပရိုတင်းဓါတ်ကြွယ်၀စွာ ပါ၀င်တဲ့ သီးနှံစုံ အသားလုံးဆန်ပြုတ်လေးမိတ်ဆက်ပေးချင်ပါတယ်။ ချက်ရတာလည်းအရမ်းကိုလွယ်ကူပြီး သားသားမီးမီး ဖိုးဖိုး ဖွားဖွား အားလုံးအတွက် အာဟာရပြည့်၀ အရသာရှိစေမှာပါ။ ဆန်ပြုတ်ဖြူဖြူလေးတွေစားရတာ ရိုးသွားပြီဆိုရင် ဒီလို အာဟာရပြည့်တာလေးတွေနဲ့ တွဲဖက်စားဖို့ အကြံပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ခနောကြက်သားဆန်ပြုတ် (၂၅ ဂရမ်) ၄ ထုပ်
- မိမိကြိုက်နှစ်သက်ရာအသား (ကြက်/ဝက်) ၂၀ ကျပ်သား
- မုန်လာဥနီ ၁ လုံး
- ဂေါ်ဖီထုပ် အနည်းငယ်
- ကြက်သွန်မြိတ် အနည်းငယ်
- ကော်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း တဝက်
- ငြုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်
- ကြက်သွန်နီကြော်ဆီချက် ထမင်းစားဇွန်း ၂ ဇွန်း
- ရေ ၁၂၅၀ မီလီလီတာ (၁ လီတာ ရေသန့်ဗူး တစ်ဗူး ကျော်ကျော်ခန့်)
ချက်ပြုတ်ပြင်ဆင်ပုံ
-
မိမိကြိုက်နှစ်သက်ရာ ကြက်သား (သို့) ၀က်သား မုန်လာဥနီ ဂေါ်ဖီထုပ်နှင့် ကြက်သွန် မြိတ်များကို နုပ်နုပ်စဥ်းပြီး ဇလုံတစ်ခုထဲသို့ ထည့်ထားပါ
-
အရသာအတွက် ဆား သကြား ငြုပ်ကောင်းမှုန့် ကော်မှုန့် တို့ ကိုထည့်ပြီး အထက်ပါ နုပ်နုပ်စဥ်းထားသော အသားနှင့် အသီးအနှံများကို သမအောင်ရောနယ်ကာ တစ်လုပ်စာ အရွယ် အသားလုံးလေးများ ဖြစ်အောင် လုံးကာ ပန်းကန်တစ်ချပ်ထဲတွင် အဆင်သင့်ထည့်ထားပါ
ပြုလုပ်ပုံ အဆင့်ဆင့်
-
အိုးထဲတွင် ရေများကို ဆူအောင်တည်ပါ
-
ရေဆူလာလျှင် အသင့်လုံးထားသော သီးနှံစုံ အသားလုံးလေးများကို ထည့်ပြီးး ကျက်သည်အထိ ၅မိနစ်မှ ၁၀ မိနစ်ထိ ပြုတ်ပြီး ကျက်လျှင် ဆယ်ထားပါ
-
ကျန်ရှိနေသော အသားလုံးပြုတ်ရည်ကို ခနော ဆန်ပြုတ်ထုပ်များကို ဖောက်ထည့်ပြီး ၃မိနစ်ခန့်ပြုတ်ပါ (ခနော ဆန်ပြုတ် အသေးစိတ် အညွှန်းများကို အထုပ်နောက်တွင် ဖတ်နိုင်ပါသည်)
-
မိမိကြိုက်နှစ်သက်ရာ အပျစ် အကျဲရပြီ ဆိုလျှင် မီးပိတ်ပြီး ပွဲပြင်မည့် ပန်းကန်လုံးထဲထည့်ပါ
-
နောက်ဆုံးတွင်အသားလုံး လေးများနှင့် ကြက်သွန်နီ ဆီချက်အနည်းငယ်ကို ဆန်ပြုတ်ပေါ်တွင် တင်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent