နွေးထွေးတဲ့ခံစားမှုကို ပေးစွမ်းနိုင်မယ့် အိမ်သူလေးလက်ရာကြက်သားဟင်း

နွေးထွေးတဲ့ခံစားမှုကို ပေးစွမ်းနိုင်မယ့် အိမ်သူလေးလက်ရာကြက်သားဟင်း

45 မိနစ်

3 ဦးစာ

အလယ်အလတ်

နာမည်လေးကြားရုံနဲ့တင် နွေးထွေးတဲ့ ခံစားမှုကိုဖြစ်စေမယ့် ဟင်းလျာချက်နည်းလေးအကြောင်း မိတ်ဆက်ပေးသွားမှာပါ။ အိမ်သူလေးလက်ရာကြက်သားဟင်းဆိုတဲ့အတိုင်း နူးအိနေတဲ့ ကြက်သားဟင်းကို ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်ထားတာမို့ အနံ့ရတာနဲ့ ဗိုက်ဆာစေမယ့် ဟင်းလေးတစ်မျိုးပဲ ဖြစ်ပါတယ်

ပါဝင်ပစ္စည်းများ

  • ကြက်သား ၃၀ ကျပ်သား
  • ကြက်သွန်နီ ၂ လုံး
  • ကြက်သွန်ဖြူ ၂ မွှာ
  • ငရုတ်သီးမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
  • ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၃ ဇွန်းခွဲ
  • နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
  • ဆီ ထမင်းစားဇွန်း ၂ ဇွန်းခွဲ
  • ဆား လက်ဖက်စားဇွန်း ၁ ဝက်
  • ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကရဝေးရွက် ၂ ရွက်
  • ငရုတ်ကောင်းစေ့ လက်ဖက်စားဇွန်း ၁ ဝက်
  • ဇီရာစေ့ လက်ဖက်စားဇွန်း ၁ ဝက်
  • နံနံစေ့ လက်ဖက်စားဇွန်း ၁ ဝက်
  • နာနတ်ပွင့် ၁ ပွင့်
  • ဖာလာစေ့ ၁ စေ့

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ပထမဦးဆုံး ကြက်သားတွေကို ရေဆေးပြီး အနေတော်အတုံးလေးတွေ တုံးထားပေးပါ။

  2. ဟင်းခတ်အမွှေးအကြိုက်တွေဖြစ်တဲ့ ငရုတ်ကောင်းစေ့၊ ဇီရာစေ့၊ နံနံစေ့၊ နာနတ်ပွင့်၊ ဖာလာစေ့တွေကို ထောင်းထားပါ။

  3. ပြီးရင်တော့ ရေဆေးထားတဲ့ ကြက်သားတွေကို ခနောကြက်သားမှုန့် (လက်ဖက်စားဇွန်း - ၂ ဇွန်းခွဲ)၊ အနံ့လေးမွှေးနေစေဖို့ ထောင်းထားတဲ့ ဟင်းခတ်အမွှေးအကြိုင်များနဲ့ နှံအောင်နယ်ပြီး နှပ်ထားပါ။

  4. ဆီသတ်ဖို့အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူကို နူတ်နူတ်စင်းထားပါ။ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာပြီဆိုရင်တော့ ကရဝေးရွက်၊ နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။

  5. ကြက်သွန်လေးတွေ နွမ်းလာပြီဆိုရင်တော့ ငရုတ်သီးမှုန့်၊ ငံပြာရည်ထည့်ပေးပါနော်။ အနံ့လေးတွေ မွှေးလာရင်တော့ ကြက်သားတုံးလေးတွေကို ထည့်ပေးပါ။

  6. ကြက်သားလေးတွေ နူးစေဖို့အတွက် ရေ (၁)ခွက်စာလောက် ထည့်ပေးရပါမယ်။ အရသာအတွက် ဆား၊ ခနောကြက်သားမှုန့် လိုအပ်ရင်ထည့်ပေးပါ။

  7. အရည်လေးတွေလည်းခမ်း၊ ကြက်သားလေးတွေလည်းနူး၊ ဟင်းအနှစ်လည်း ရလာပြီဆိုရင်တော့ အရသာမြည်းကြည့်ပြီး နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent