နာမည်ရော အရသာရော ဆန်းပြားတဲ့ အုန်းနို့ရွှေဖရုံသီးအစပ်ချက်

နာမည်ရော အရသာရော ဆန်းပြားတဲ့ အုန်းနို့ရွှေဖရုံသီးအစပ်ချက်

30 မိနစ်

3 ဦးစာ

အလယ်အလတ်

နာမည်းလေးလည်းဆန်း အရသာလည်းထူးခြားစေမယ့် အုန်းနို့ရွှေဖရုံသီးအစပ်ချက်နည်းလေးကို အိမ်ရှင်မတို့အတွက် မျှဝေပေးချင်ပါတယ်။ ရွှေဖရုံသီးလေးတွေကို ထူးခြားတဲ့ အတွဲအစပ်ဖြစ်တဲ့ အုန်းနို့လေးနဲ့ ရောကာ ခပ်စပ်စပ်လေးချက်ထားတာမို့ မိသားစုတွေလည်း အရသာတွေ့စေမှာနော်။

ပါဝင်ပစ္စည်းများ

  • ဖရုံသီး ၁ စိတ်
  • ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်းခွဲ
  • နံနံပင် ၂ ပင်
  • ပူစီနံ ၃ ပင်
  • သံလွင်ဆီ ထမင်းစားဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၁ လုံး
  • ငရုတ်သီးစိမ်း ၅ တောင့်
  • နနွင်းမှုန့် လက်ဖက်စားဇွန်းဝက်
  • ရှာလကာရည် လက်ဖက်စားဇွန်း ၂ ဇွန်း
  • အုန်းနို့ရည် ၁ ခွက်ခွဲ
  • သံပုရာအခွံ လက်ဖက်စားဇွန်း ၁ ဇွန်း
  • အသီးအရွက်ပြုတ်ရည် ၁ ခွက်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အရင်ဦးဆုံး ဖရုံသီးလေးတွေကို အခွံခွာပြီး အနေတော်အတုံးလေးတွေ တုံးထားပေးပါ။

  2. နံနံပင်နဲ့ ပူစီနံလေးတွေကို ခပ်ကြမ်းကြမ်းလေးလှီးထားပြီး ကြက်သွန်နီလေးတွေကို နူတ်နူတ်စင်းထားပေးပါ။

  3. ငရုတ်သီးစိမ်းလေးတွေကိုတော့ မညီမညာညှပ်ထားပေးပါနော်။

  4. တုံးထားတဲ့ ဖရုံသီးလေးတွေကို အသီးအရွက်ရည်လေးနဲ့ မနူးတနူးပြုတ်ထားပေးပါနော်။

  5. ဒယ်အိုးထဲမှာ ဆီဆူလာရင် ကြက်သွန်နီ၊ နနွင်းမှုန့်၊ ပူစီနံ၊ ရှာလကာရည်၊ ငရုတ်သီးစိမ်းနဲ့ သံပုရာခွံလေးတို့ထည့်ပြီး ဆီသတ်ပေးပါ။

  6. ကြက်သွန်လေးတွေ နွမ်းပြီး ဆီသတ်နံ့လေး မွှေးလာပြီဆိုရင်တော့ ဖရုံသီးလေးတွေနဲ့ အုန့်နို့ရည်လေးထည့်ပြီး နှံ့အောင်မွှေကာ ချက်ပေးပါနော်။

  7. ဖရုံသီးလေးတွေ နူးပြီး အုန်းနို့ရည်လေးတွေ ခမ်းလာရင်တော့ ပါဝင်ပစ္စည်းတွေအားလုံးထည့်ချက်ပါ။

  8. အရသာအတွက် လိုအပ်ရင် ခနောကြက်သားမှုန့်ထပ်ထည့်နိုင်ပြီး မွှေးမွှေးစပ်စပ် အုန်းနို့ရွှေဖရုံသီးဟင်းလေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent