နာမည်ကြားတာနဲ့ စားချင်စိတ်ဖြစ်သွားစေမယ့် အသီးအရွက်နဲ့ အုန်းနို့ရည်

နာမည်ကြားတာနဲ့ စားချင်စိတ်ဖြစ်သွားစေမယ့် အသီးအရွက်နဲ့ အုန်းနို့ရည်

30 မိနစ်

3 ဦးစာ

အလယ်အလတ်

ဒီနေ့မှာတော့ နာမည်ဆန်းဆန်းလေးနဲ့ အရသာရှိတဲ့ အသီးအရွက်နဲ့ အုန်းနို့ရည်ဟင်း ချက်နည်းလေး ပြောပြ‌ပေးသွားပါမယ်နော်။ ပေါ့ပေါ့ပါးပါး ဟင်းသီးဟင်းရွက်ဟင်းလေး ဖြစ်လို့ အလွယ်အတကူနဲ့ ချက်စားလို့ ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းနုနွယ်ရွက် ၁ စည်း
  • ပဲသီးရှည် ၁ စည်း
  • ပြောင်းဖူး ၂ ဖူး
  • အုန်းနို့ခရင် ၁ ခွက်
  • ခနော်ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
  • ကြက်သွန်နီ ၃ လုံး
  • ငရုတ်သီးစိမ်း ၅ တောင့်
  • ခရမ်းချဉ်သီး ၂ လုံး
  • မန်းကျည်းရည် ထမင်းစားဇွန်း ၂ ဇွန်း
  • ပုဇွန် ၁၅ ကျပ်သား

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အရင်ဦးဆုံး အသီးအရွက်တွေကို ရေစင်အောင်ဆေးပြီး အနေတော်လှီးဖြတ်ထားကာ ငရုတ်သီးစိမ်းလေးတွေကိုတော့ မညီမညာ ညှပ်ထားပေးပါ။

  2. ပြီးရင် အိုးထဲကို အုန်းနို့ရည် ထည့်ပြီး ပွတ်လာအောင်တည်ပါ။ ပွတ်လာပြီဆိုရင်တော့ ဟင်းနုနွယ် ကလွဲပြီး ကျန်ပါဝင် ပစ္စည်းများ အားလုံးထည့်ပါ။ ၅-၈ မိနစ်ခန့်တည်ပါ။

  3. ထို့နောက် ဟင်းနုနွယ်ရွက် ထည့်ပြီး ၁ မိနစ်လောက်ထပ်တည်ပြီး ဆားမြည်းပါ။ ရေလိုလျှင် အနည်း ထပ်ထည့်ပါ။

  4. အားလုံးပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ အသီးအရွက်နဲ့ အုန်းနို့ရည်ဟင်းလေးကို ထမင်းပူပူလေးနဲ့ တွဲစားလို့ရပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent