
ထူးထူးခြားခြား ငါးရံ့ဆန်လှော်ဟင်းလေး ချက်ကြည့်ကြမယ်
10 မိနစ်
3 ဦးစာ
အလယ်အလတ်
ဆီပြန်ဟင်းတွေမစားချင်တဲ့ရက်မျိုးဆို ကျွန်မတို့ မိသားစုရွေးချယ်ဖြစ်တာက အသား၊ငါးနဲ့ အသီးအရွက်ရောထားတဲ့ဟင်းချိုတွေပါပဲ။ အရသာထူးလှတဲ့ဟင်းချိုတွေထဲမှာ ငါးရံ့ကိုဆန်လှော်နဲ့ချက်တဲ့ ဟင်းချိုလည်းပါဝင်ပါတယ်။ အခုကတော့ ချက်ပြုတ်ရတာမြန်ဆန်လွယ်ကူစေဖို့ ခနောဆန်ပြုတ်ကိုသုံးထားပါတယ်။ ငါးရံ့ဆန်လှော်ဟင်းမွှေးမွှေးလေးက တကယ်တော့ ချက်ရတာလွယ်ကူသလို လူငယ်ရော လူကြီးပါနှစ်ခြိုက်ကြတဲ့ ဟင်းတစ်ခွက်မို့ ချက်ပြုတ်နည်းလေးကို မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငါးရံ့ ၄၀၀ ဂရမ် ၂ ကောင် အကြေးခွံခွာ၊ ဗိုက်ခွဲကာ ကလီစာများထုတ်ပြီး သန့်စင်ထားပါ)
- ချင်း ထမင်းစားဇွန်း ၃ ဇွန်း (ထောင်းပြီးသား)
- ကြက်သွန်နီဥကြီး ၂ လုံး (နုတ်နုတ်စင်းထားပါ)
- ကြက်သွန်ဖြူ ၅ မြွှာ (ထောင်းထားပါ)
- ငရုတ်သီးအရောင်တင်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ခနောကြက်သားမှုန့် ထမင်းစားဇွန်းတစ်ဝက်
- ခနောဆန်ပြုတ် ထမင်းစားဇွန်း ၂ ဇွန်း
- ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဆီ ထမင်းစားဇွန်း ၄ ဇွန်း
- စပါးလင် ၂ ချောင်း အပေါ်လွှာများဖယ်ကာ အရင်းပိုင်းကိုလှီးပြီးထောင်းပါ)
- ရေ ၅၀၀ မီလီလီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ငါးကို ထောင်းထားတဲ့ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ စပါးလင် ၊ ငရုတ်သီးအရောင်တင်မှုန့်၊ နနွင်း၊ ဆား၊ ခနောကြက်သားမှုန့်တို့နဲ့ ရောနယ်ပါ။
-
မီးတစ်ဝက်အနေအထားနဲ့အိုးတည်ပါ။ အိုးထဲကို ငါးထည့်၊ ထောင်းထားတဲ့ အဆာပလာတွေ ထည့်ပြီး၊ ဆီထည့်ကာအဖုံးအုပ်ပေးပါ။ ၃ မိနစ်ခန့်ထားပြီး အဖုံးဖွင့်ကြည့်ပါ။
-
ဆီပူလာပြီး ဆီသတ်နံ့မွှေးလာတဲ့အခါငါးကိုမထိအောင် ဖွဖွလေးမွှေပေးပါ။ပြီးရင် ရေထည့်ပါ။ ရေပွက်ပွက်ဆူလာတဲ့အခါ ခနောဆန်ပြုတ်မှုန့်လေးထည့်လိုက်ပါ။
-
ပွက်ပွက်ဆူလာတဲ့အခါ ငရုတ်ကောင်းလေးခတ်ပေးလိုက်ပါ။ ခုဆိုရင်တော့ ငါးအရသာချိုချိုလေး၊ ဆန်မပျစ်မကျဲလေးနဲ့ စားလို့ကောင်းလှတဲ့ငါးရံ့ဆန်လှော်ဟင်းလေးကိုရရှိပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent