ထူးထူးခြားခြားကိုရီးယားကြက်ကြော်ပူစပ်လေးနဲ့ ခနောဆန်ပြုတ်အတွဲအစပ်

ထူးထူးခြားခြားကိုရီးယားကြက်ကြော်ပူစပ်လေးနဲ့ ခနောဆန်ပြုတ်အတွဲအစပ်

20 မိနစ်

2 ဦးစာ

အလယ်အလတ်

Happy New Year ပါ How to Cook ပရိသတ်ကြီးရေ။ New Year, New Me ဆိုပြီး နှစ်သစ်အတွက် ရည်မှန်းချက်တွေ ချနေပြီလား။ ဒီနှစ်သစ်မှာ ကျန်းမာရေးနဲ့ အညီအရသာရှိရှိ စားသောက်နေထိုင်မယ်ဆိုရင်တော့ အရသာလည်းရှိသလို ကိုယ်ခံစွမ်းအားကိုလည်း အထောက်အကူပြုပေးနိုင်တဲ့ ကိုရီးယားကြက်ကြော် ကြော်နည်းလေးကို ပြောပြချင်ပါတယ်။ ကြက်သားမှာ ကိုယ်ခံအားစနစ်ကို အထောက်အကူပြုပေးတဲ့ Selenium နဲ့ အရိုးနဲ့ ကြွက်သားထုသန်မာမှုကို အားပေးတဲ့ ပရိုတိန်း၊ သံဓာတ်၊ဇင့်ဓာတ်၊ ဗီတာမင် B3 နဲ့ ဗီတာမင် B6 စတဲ့ ဗီတာမင်နဲ့သတ္ထုဓာတ်တွေလည်း အများကြီးပါဝင်တဲ့အတွက် ဒီလို ကိုယ်ခံအားကောင်းအောင်နေထိုင်ရတဲ့ ကာလမှာ ကိုရီးယားကြက်ကြော်လေးစားသုံးပေးတာ အသင့်တော်ဆုံးပါပဲ။ ကိုရီးယားကြက်ကြော်ပူပူလေးကိုမှ ဗီတာမင် B1 ကြွယ်ဝတဲ့ ခနောဆန်ပြုတ်လေးနဲ့သာ တွဲပြီး မိသားစုအတွက် စီစဥ်ပေးလိုက်မယ်ဆိုရင် ဆောင်းတွင်းမှာ နွေးလည်းနွေး၊ အာဟာရလည်း ပြည့်ဝတဲ့ အတိုင်းထက်အလွန် ဟင်းလျာလေးဖြစ်လာမှာမို့ အခုပဲ ချက်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ ၃၀ ကျပ်သား (၅၀၀ ဂရမ်)
  • ချင်း လက်နှစ်ဆစ်ခန့် ၊ ထောင်းပြီး အရည်ညှစ်ထားပါ
  • ကိုရီးယားငရုတ်သီးမှုန့် ထမင်းစားဇွန်း ၂ ဇွန်း
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပြောင်းကော်မှုန့် ထမင်းစားဇွန်း ၅ ဇွန်း
  • တန်ပူရာအကြော်မှုန့် ၁ ထုပ်
  • Chili Garlic Sauce ထမင်းစားဇွန်း ၄ ဇွန်း
  • ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကိုရီးယားငရုတ်အနှစ် ထမင်းစားဇွန်း ၂ ဇွန်း
  • ရေ ထမင်းစားဇွန်း ၇ ဇွန်း
  • ခနောဆန်ပြုတ် ၁ ထုပ်
  • ရေ ၂၅၀ မီလီလီတာ
  • ဆီ ၄၀ ကျပ်သား (၆၅၀​ ဂရမ်)
  • နှမ်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင် ၊ ခပ်သေးသေးလှီးဖြတ်ထားပါ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ချင်းရည်၊ကိုရီးယားငရုတ်သီးမှုန့် ထမင်းစားဇွန်း ၁ ဇွန်း၊ကြက်သားမှုန့်တို့နဲ့ ကြက်တောင်ပံများအား နယ်ပြီး ၁ နာရီခန့် နှပ်ထားပါ။

  2. ပြောင်းကော်မှုန့်နဲ့ အကြော်မှုန့်များကို ကိုရီးယား ငရုတ်သီးမှုန့် တစ်ဇွန်းထည့်ပြီး သမအောင် မွှေထားပါ။

  3. တစ်နာရီပြည့်ပါက နယ်ထားသော ကြက်သားများအား သမအောင်မွှေထားသော အကြော်မှုန့်များနဲ့ လူးထားပါ။

  4. ဆီ လေးဆယ်သားခန့် အား အိုး နက်နက် တစ်ခုမှာ အပူပေးထားပါ။

  5. ဆီများ ပူလာပါက မီးအရှိန်ပြန်လျှော့ပြီး အကြော်မှုန့် လူးထားတဲ့ ကြက်တောင်ပံများအား မီးအေးအေးနဲ့ မိနစ် ၂၀ လောက် ကြော်ပြီး ရွှေအိုရောင်သမ်းလာရင် ဆီစစ်ပြီး ဆယ်ထားပါ။

  6. Sauce ကျိုဖို့ အိုးအသစ်တခုမှာ Chili Garlic Sauce များကို ရေ ၇ ဇွန်းလောက်ထည့်ပြီး ပွက်ပွက် ဆူအောင် တည်ထားပါ။

  7. ပွက်ပွက်ဆူလာပါက ပဲငံပြာရည်၊သကြား၊ပျားရည်၊ကိုရီးယားငရုတ်အနှစ်တို့ထည့်ပြီး ပျစ်လာတဲ့အထိ တည်ပါ။

  8. ပျစ်လာပါက အိုးမှ ချပြီး ကြော်ထားသော ကြက်သားများဖြင့် လူးပါ။

  9. နှမ်းအနည်းငယ် ဖြူးပြီး ဆန်ပြုတ်၊ကြက်သွန်မြိတ်တို့နဲ့ တွဲဖက်စားဖို့ အဆင်သင့် ပြင်ပါ။

  10. အိုးအသစ်တစ်လုံးတွင် ခနော ဆန်ပြုတ်ထုတ်အား ဖောက်ထည့်၍ ရေ ၂၅၀ မီလီလီတာနဲ့ ဆူပွက်လာအောင်ပြုတ်ပါ။ဆူပွက်လာပါက မီးလျှော့ပြီး အကျဲ ကြိုက်ပါက ၃ မိနစ်ခန့် မွှေပြီး ချပါ။အပျစ်ကြိုက်ပါက ၅ မိနစ်ခန့် မွှေပြီး မီးဖိုပေါ်မှ ချကာ ကိုရီးယားကြက်ကြော်အစပ်နဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ။

  11. မှတ်ချက်။ ။ အရသာအပြင်းကြိုက်ရင် အသားနယ်ရင် ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းလောက် ပိုထည့်နယ်ပေးပါ။ Sauce ကျိုတဲ့အခါမှာလည်း အရသာစပ်စပ်လေးလိုချင်ရင် Chili Garlic Sauce ကို စုစုပေါင်း ၇ ဇွန်းလောက်ထည့်ပြီး ရေ ၁၀ ဇွန်းနဲ့ ကျိုနိုင်ပါတယ်။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent