ထူးခြားတဲ့ အရသာနဲ့ ပဲသီးရှည်ခရမ်းချဉ်သီးချက်

ထူးခြားတဲ့ အရသာနဲ့ ပဲသီးရှည်ခရမ်းချဉ်သီးချက်

30 မိနစ်

3 ဦးစာ

လွယ်သော

ပဲသီးရှည်လေးကို အချိုကြော်စားရတာရိုးလာတဲ့သူတွေအတွက် ခရမ်းချဉ်သီးလေးနဲ့ကြော်နည်းလေးကို ပြောပြပေးချင်ပါတယ်။ ပဲသီးရှည်နူးနူးအိအိလေးတွေကိုမှ ခရမ်းချဉ်သီးလေးနဲ့မို့ ထူးခြားတဲ့အရသာလေးနဲ့ ထမင်းပိုမြိန်စေမှာပါ။

ပါဝင်ပစ္စည်းများ

  • ပဲသီးရှည် ၂ စည်း
  • ခရမ်းချဉ်သီး ၅ လုံး
  • ဆီ ထမင်းစားဇွန်း ၁ ဇွန်းခွဲ
  • ကြက်သွန်နီ ၂ လုံး
  • ကြက်သွန်ဖြူ ၂ မွှာ
  • ရှာလကာရည် ထမင်းစားဇွန်း ၁ ဝက်
  • ပင်စိမ်း ၃ ပင်
  • ငရုတ်ကောင်းနက် လက်ဖက်စားဇွန်း ၁ ဝက်
  • သကြားညို လက်ဖက်စားဇွန်း ၁ ဇွန်း
  • ဆား အနည်းငယ်
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဝက်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အရင်ဦးဆုံး ပဲတောင့်ရှည်လေးတွေနဲ့ ခရမ်းချဉ်သီးလေးတွေကို အနေတော်လှီးထားပြီး သန့်စင်ထားပါ။

  2. ပင်စိမ်းရွက်လေးတွေကို သင်ထားပြီး ကြက်သွန်ဖြူလေးတွေကို ဓါးပြားရိုက်ကာ ကြက်သွန်နီလေးတွေကိုတော့ ခပ်ကြီးကြီးလှီးထားပေးပါ။

  3. ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာတဲ့အခါ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ သကြားလေးတွေထည့်ပေးပါ။

  4. အညိုရောင်သမ်းလာပြီဆိုရင်တော့ ရှာလကာရည်၊ ခရမ်းချဉ်သီး၊ ပင်စိမ်းတို့ထည့်ပြီး ၅ မိနစ်လောက် နှပ်ထားပေးပါ။

  5. အချိန်ပြည့်သွားပြီဆိုရင်တော့ ပဲသီးနဲ့ ကျန်ပစ္စည်းများကိုထည့်ပြီး ပဲသီးကျက်သည်အထိ တည်ပေးပါ။

  6. အရည်လေးလည်းခမ်းပြီး အရသာအတွက်လိုအပ်ရင် ခနောကြက်သားမှုန့်ထည်ကာ သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent