
ထူးခြားတဲ့အရသာကို ပေးစွမ်းမယ့် ဘူးညွန့်နှင့် ငါးကျည်းခြောက်ကြော်
20 မိနစ်
3 ဦးစာ
လွယ်သော
အချက်တလိုင်းတို့ရေ ဒီတစ်ခါမှာတော့ ချက်စားလေ့မရှိတဲ့ ဟင်းလျာအသစ်အဆန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေနော်။ အဲ့ဒါကတော့ ဘူးညွှန့်လေးနဲ့ ငါးကျည်းခြောက်လေးကို ပေါင်းစပ်ပြီး ခနောကြက်သားမှုန့်လေးနဲ့ အရသာရှိအောင် ချက်စားမှာမို့ အလုပ်ရှုလည်းသက်သာ ဟင်းတစ်မျိုးထဲနဲ့လည်း ထမင်းမြိန်စေမှာပါ။ ကဲ ဘယ်လိုချက်ရလည်းဆိုတာ ကြည့်လိုက်ရအောင်နော်
ပါဝင်ပစ္စည်းများ
- ဘူးညွှန့် ၁ စည်း
- ငါးကျည်းခြောက် ၅ ကျပ်သား
- ကြက်သွန်နီ ၁ လုံး
- ကြက်သွန်ဖြူ ၅ တက်
- ချင်း အနည်းငယ်
- ငရုတ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ငရုတ်သီးစိမ်း ၅ တောင့်
- ရေသန့် အနည်းငယ်
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ငါးကျည်းခြောက်လေးတွေကို ရေစိမ်ပြီး အသားလေးတွေ နွင်ထားပေးပါ။
-
ဘူးညွှန့်လေးတွေကိုတော့ အရွက်ခြွေကာ သန့်စင်ထားပေးပါနော်။
-
ဆီသတ်ဖို့အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းနဲ့ နနွင်းမှုန့်တို့ကို ညက်နေအောင်ထောင်းထားပေးပါ။
-
အားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာတဲ့အခါ ထောင်းထားတဲ့ ကြက်သွန်အနှစ်လေးထည့်ပြီး ဆီသတ်ပေးပါ။
-
ကြက်သွန်နံ့လေးမွှေးလာပြီဆိုရင်တော့ အသားနွင်ထားတဲ့ ငါးကျည်းခြောက်လေးတွေထည့်ပြီး ကြော်ပေးပါနော်။
-
ငါးကျည်းခြောက်လေး ကျက်လာပြီဆိုရင်တော့ သန့်စင်ထားတဲ့ ဘူးညွှန့်လေးတွေကိုထည့်ကြော်ပါ။
-
အားလုံး နူးပြီးကျက်စေဖို့အတွက်ကတော့ ရေအနည်းငယ်ထည့်ချက်ပေးပါနော်။
-
အရသာအတွက် ဟင်းပွဲတိုင်းကို အရသာရှိစေမယ့် ခနောကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး နှံ့အောင်မွှေကာ ချက်ပေးပါ။
-
အရည်လေးလည်းခမ်း ငါးကျည်းခြောက်လေးနဲ့ ဘူးညွှန့်လေးလည်း ကျက်လာပြီဆိုရင်တော့ ငရုတ်သီးစိမ်းလေးအုပ်ပြီး အလှဆင်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent