ထူးခြားဆန်းပြားဟင်းလျာ ငါးပြေမဇောင်းလျားသီးနှပ်

ထူးခြားဆန်းပြားဟင်းလျာ ငါးပြေမဇောင်းလျားသီးနှပ်

30 မိနစ်

3 ဦးစာ

အလယ်အလတ်

မြန်မာလူမျိုးတွေအကြိုက် ငါးပြေမကို အရသာထူးကဲသွားအောင် ဇောင်းလျားသီးနဲ့ နှပ်စားကြည့်ရအောင်နော်။ ငါးပြေမဆီပြန်လေးကိုမှ ဇောင်းလျားသီးလေးရဲ့ အချဉ်ဓာတ်လေးနဲ့ ပေါင်းစပ်ထားတာမို့ အအီလည်းပြေပြီး အရမ်းကို အရသာထိမိနေစေမှာပါ

ပါဝင်ပစ္စည်းများ

  • ငါးပြေမ ၅၀ ကျပ်သား
  • ဇောင်းလျှာသီး ၃ လုံး
  • ကြက်သွန်နီ ၂ လုံး
  • ကြက်သွန်ဖြူ ၁၀ တတ်
  • ချင်း ၅ ကျပ်သား
  • စပါးလင် ၂ ပင်
  • ငရုပ်ပွခြောက် ၅ တောင့်
  • ငရုပ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
  • ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
  • နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
  • ငါးငံပြာရည် လက်ဖက်စားဇွန်း ၁ ဇွန်း
  • ပဲဆီသန့် ထမင်းစားဇွန်း ၅ ဇွန်း
  • နံနံပင် အနည်းငယ်
  • ငရပ်သီးစိမ်း ၁၀ တောင့်
  • ရေသန့် ဝ.၅ လီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အရင်ဦးဆုံး ငါးပြေမတွေကို ကြေးခွံချွတ်သန့်စင်ပြီး ခနောကြက်သားမှုန့် (၁ ဇွန်း)၊ နနွင်းမှုန့်၊ ငါးငံပြာရည်အနည်းငယ်တို့နဲ့ မိနစ် (၂၀)ခန့်နှပ်ပြီး အရသာသွင်းထားပါနော်။

  2. ဇောင်းလျားသီးလေးတွေကို သန့်စင်အောင်ရေဆေးပြီး ပါးပါးလှီးထားပါ။ နံနံပင်နဲ့ ငရုတ်သီးစိမ်းလေးတွေကိုတော့ ရေစိမ်ထားပေးပါ။

  3. ဆီသတ်ဖို့အတွက် ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်နီ၊ ငရုတ်ပွခြောက်လေးတွေကို ကြေညက်အောင်ထောင်းထားပါ။

  4. ဒယ်အိုးထဲမှာ ပဲဆီသန့်ကို အပူပေးပြီး ဆီပူလာရင်တော့ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်နီတို့ကို နနွင်းမှုန့်လေးရောပြီး ဆီသတ်ပေးပါနော်။

  5. ငါးအညှီနံ့ပျောက်ပြီး အနံ့လေးမွှေးနေဖို့အတွက် စပါးလင်ပါ ထည့်ပြီးဆီသတ်ပေးပါ။ ကြက်သွန်လေးတွေ နွမ်းလာရင်တော့ အရသာသွင်းထားတဲ့ ငါးပြေမကိုထည့်ပါ။

  6. ပြီးရင်တော့ အသင့်ပြင်ထားတဲ့ ဇောင်လျားသီးလေးတွေထည့်ချက်ပါ။ ဆီအနည်းငယ်ပြန်လာရင်တော့ ရေအနည်းငယ်၊ ခနောကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အရသာစပ်ပေးပါနော်။

  7. မိနစ်အနည်းငယ်ကြာသွားရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ငါးပြေမဇောင်းလျားသီးနှပ်ဟင်းလျာလေးကို အရသာရှိစွာ သုံးဆောာင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent